
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အသက် ၁၅ နှစ်အရွယ် လူငယ်တိုက်စစ်မှူး ဂျေဂျေဂါဘရီယယ် ဟာ အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေပါတယ်။
ဂါဘရီယယ်ရဲ့ မိသားစုနဲ့ အသင်းကြား ဆက်ဆံရေး အဆင်မပြေဖြစ်ပြီးနောက် စာချုပ်ဖျက်သိမ်း ပေးဖို့ တရားဝင် တောင်းဆိုထားတာ ဖြစ်ပါတယ်။
မန်ယူအမှုဆောင်အရာရှိချုပ် အိုမာဗာရာဒါနဲ့ ဒါရိုက်တာ ဂျေဆွန်ဝေးကော့စ်တို့က ပြဿနာကို ဖြေရှင်းဖို့ မိသားစုနဲ့ တိုက်ရိုက် ဆွေးနွေးနေပါတယ်။
ဂါဘရီယယ်ဟာ ပြီးခဲ့တဲ့အပတ် ယူအီးအက်ဖ်အေ လူငယ်လိဂ်ပွဲမှာ ဟက်ထရစ်ဂိုး သွင်းယူထားသူ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီကလည်း အသက် ၁၈ နှစ်အောက် ပရီးမီးယားလိဂ် တနှစ်တာအကောင်းဆုံး ကစားသမားဆု ရရှိခဲ့ပါတယ်။
မန်ယူအသင်းကတော့ ဒီလို ပါရမီရှင် လူငယ်ကစားသမားကို အသင်းမှာ ဆက်လက် ထိန်းသိမ်းချင်နေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဂါဘရီယယ်ဟာ ပြီးခဲ့တဲ့အပတ်ကတည်းက နည်းပြ မိုက်ကယ်ကာရစ်ရဲ့ အသင်းနဲ့ လေ့ကျင့်ခန်း ဆင်းပွဲတွေမှာ ပါဝင်ခြင်း မရှိတော့တာ ဖြစ်ပါတယ်။
Photo:Reuters











