
အင်္ဂလန်ဘောလုံးလိဂ် EFL ဟာ အဖွဲ့ဝင် ကလပ်အသင်းတွေကို လူမှုကွန်ရက် အသုံးပြုမှုနဲ့ ပတ်သက်ပြီး သတိပေးစာ ပေးပို့လိုက်ပါတယ်။
အသင်းအချင်းချင်းရဲ့ စည်းကမ်းထိန်းသိမ်းရေး ပြဿနာတွေကို အခြေခံပြီး လူမှုကွန်ရက်ပေါ်မှာ လှောင်ပြောင်တာမျိုး မလုပ်ကြဖို့ ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။ ဒီလိုလုပ်ရပ်တွေဟာ အသင်းတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်တယ်လို့ EFLက ဆိုပါတယ်။
ဟောလိဝုဒ်မင်းသား ရိုင်ယန်ရေးနိုးစ် ပိုင်ဆိုင်တဲ့ ရက်စ်ဟမ်းအသင်းနဲ့ ဆောက်သမ်တန်တို့ဟာ စပိုင်ဂိတ်ဖြစ်စဉ်ကို အကြောင်းပြုပြီး လူမှုကွန်ရက်ပေါ်မှာ အပြန်အလှန် လှောင်ပြောင်ခဲ့ကြပါတယ်။
ဘာမင်ဂမ်အသင်းကလည်း အလားတူ လှောင်ပြောင်တဲ့ ပို့စ်မျိုး တင်ခဲ့တာပါ။ ဒါကြောင့် EFLက ကလပ်အသင်း အကြီးအကဲတွေဆီ စာရေးသားပြီး ပုံရိပ်ကို ထိခိုက်စေမဲ့ ပို့စ်တွေကို ရှောင်ကြဉ်ကြဖို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။
Photo:Reuters











