
EFLဖလား ဒါမှမဟုတ် ခါရာဘောင်းဖလား လို့ခေါ်တဲ့ အင်္ဂလန်လိဂ်ဖလားပွဲ ၁၆ သင်းအဆင့် မဲခွဲတာကို ဒီနေ့ မနက်အစောပိုင်းက ပြုလုပ်ခဲ့ပါတယ်။
အဲဒီ ၁၆ သင်းအဆင့်မှာ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်နဲ့ ဘရိုက်တန်၊ စပါးနဲ့ နယူးကာဆယ်တို့ ထိပ်တိုက်တွေ့နေပါတယ်။
ဒါအပြင် လီဗာပူးနဲ့ ခရစ်စတယ်ပဲလေ့စ်တို့ ကစားရမှာဖြစ်သလို ဝုလ်ဖ်နဲ့ ချဲလ်ဆီးအသင်းလည်း တွေ့ဆုံနေပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းကို ပြိုင်ပွဲ ဒုတိယအဆင့်မှာ အနိုင်ယူလာတဲ့ ဂရင်စ်ဘီတောင်း အသင်းကလည်း တတိယအဆင့်မှာ ရှဖီးဝမ်းနက်စ်ဒေး အသင်းကို ထပ်နိုင်ပြီး ၁၆ သင်းအဆင့်ကို တက်လာပါတယ်။
၁၆ သင်း အဆင့်မှာတော့ ပရီးမီးယားလိဂ်ကလပ် ဘရန်းဖို့ဒ်နဲ့ ကစားရမှာပါ။ တခြားပွဲစဉ်တွေအနေနဲ့ကတော့ ဆွမ်ဆီးနဲ့ မန်စီးတီး၊ ဝရက်စ်ဟမ်နဲ့ ကာဒစ်ဖ်၊ ဝီကမ်ဘ်နဲ့ ဖူလ်ဟမ်အသင်းတို့ ကစားကြမှာဖြစ်ပါတယ်။











