DVB Logo
Home
အားကစား
စတုတ္ထတန်းကလပ် ဂရင်စ်ဘီအသင်းကိုရှုံးပြီး မန်ယူ EFL ပြိုင်ပွဲက ထွက်ရ
DVB
·
August 28, 2025
စတုတ္ထတန်းကလပ် ဂရင်စ်ဘီအသင်းကိုရှုံးပြီး မန်ယူ EFL ပြိုင်ပွဲက ထွက်ရ
Donate to DVB

ဒီနေ့မနက်အစောပိုင်းမှာကစားခဲ့တဲ့ EFL ကရာဘောင် လိဂ်ဖလားပြိုင်ပွဲ ဒုတိယအဆင့်ပွဲစဉ်မှာ  အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်အသင်းဟာ  အင်္ဂလန်စတုတ္ထတန်း ကလပ်အသင်း ဂရင်စ်ဘီတောင်းအသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်လိုက်ရပါတယ်။

ဒီပွဲမှာ မန်ယူအသင်းက ကူညာ၊ ရှက်စ်ကို၊ အာမတ် တိုက်စစ် ၃ ယောက်တန်းနဲ့ ပွဲထွက်ခဲ့ပြီး လူငယ် နောက်ခံလူ ၂ ဦးကလွဲရင် စီနီယာကစားသမားအစုံအလင်နဲ့ ပွဲထွက်ခဲ့တာပါ။ 

လိဂ် ၂ ကလပ်က အသင်းငယ်ဖြစ်တဲ့ ဂရင်စ်ဘီတောင်းအသင်းက ပထမပိုင်း ပွဲကစားချိန် ၂၂ မိနစ်နဲ့ မိနစ် ၃၀ တွေမှာ ဦးဆောင်ဂိုးတွေသွင်းခဲ့ပြီး ပွဲကစားချိန် ပွဲပြီးခါနီးအထိ ပွဲကို ဦးဆောင်ခဲ့တာပါ။

မန်ယူအတွက် ပထမ ခြေပဂိုးကိုတော့ ဒီရာသီမှ အသစ်ပြောင်းလာတဲ့ တိုက်စစ်မှူး အမ်ဘူမိုက ၇၆ မိနစ်မှာသွင်းယူပေးခဲ့ပြီး နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားက ပွဲပြီးခါနီး ၈၉ မိနစ်မှာမှ ဒုတိယ ခြေပဂိုး ခေါင်းတိုက်သွင်းနိုင်ခဲ့လို့ သရေကျနေခဲ့တာပါ။

အဲဒီနောက် ပင်နယ်တီ အဆုံးအဖြတ်ကန်သွင်းရာမှာတော့ မန်ယူအသင်းကို ဒီနှစ်မှာ အသစ်ပြောင်းလာတဲ့ တိုက်စစ်မှူး ၂ ယောက်ဖြစ်တဲ့ ကူညာနဲ့ အမ်ဘူမိုတို့ ပင်နယ်တီလွဲချော်ခဲ့ပြီး မန်ယူအသင်း ရှုံးနိမ့်ခဲ့တာပါ။

ပင်နယ်တီအဆုံးအဖြတ် ပထမ ၅ ကြိမ်ဆီကန်ရာမှာ သရေဆက်ကျ နေတာကြောင့်  တသင်းကို ၁၃ ကြိမ်အထိ ပင်နယ်တီဆက်ကန်ခဲ့ရကာ နောက်ဆုံးမှာတော့ ပင်နယ်တီ ၁၂ ဂိုး ၁၁ ဂိုးနဲ့ မန်ယူအသင်းရူံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ 

ပွဲအပြီးမှာ ဂရင်စ်ဘီအသင်းပရိတ်သတ်ထဲဟာ ကွင်းထဲအထိဝင်ပြီး အောင်ပွဲခံခဲ့ကြပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်မှာလည်း ပွဲစဉ် ၂  ပွဲကစားပြီးတဲ့အထိ နိုင်ပွဲမရသေးဘဲ တပွဲနိုင် တပွဲသရေနဲ့ ရမှတ် ၁ မှတ်ပဲ ရထားပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013