
မန်စီးတီးအသင်းဟာ သူတို့ရဲ့ ထိပ်တန်းကွင်းလယ်ကစားသမား ရိုဒရီကို ခေါ်ယူဖို့ ဘာစီလိုနာ အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်ပါတယ်။
ဘာစီလိုနာဟာ ရိုဒရီကိုခေါ်ယူဖို့ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရထားပေမဲ့ မန်စီးတီး နဲ့ ပြောင်းရွှေ့ကြေးပမာဏ အဆင်မပြေဖြစ်နေတာပါ။
မန်စီးတီးဘက်ကတော့ ဘာစီလိုနာရဲ့ ယူရို ၄၅ သန်းနီးပါး ကမ်းလှမ်းမှုကို လျှော့တွက်တဲ့ ကမ်းလှမ်း မှုအဖြစ် သတ်မှတ်ခဲ့ပြီး သူတို့ရဲ့ ကမ္ဘာ့ဖလားအကောင်းဆုံးဆုရ ကစားသမားအတွက် ယူရို ၇၅ သန်း အထိ အလိုရှိနေတာပါ။
ဒီအပြောင်းအရွှေ့အတွက် ဘာစီလိုနာဘက်ကနေ မန်စီးတီးနဲ့ ကနဦး ဆွေးနွေးမှုတွေကို စတင်ခဲ့ တာပါ။
လာလီဂါချန်ပီယံအသင်းဟာ ရိုဒရီအတွက် ပြိုင်ဘက် မက်ဒရစ်ကလပ်ထက် လက်ဦးမှု ရယူ နိုင်ခဲ့ပေမဲ့ ကနဦးကမ်းလှမ်းချက်မှာ မန်စီးတီးအသင်းရဲ့ ချက်ချင်း ပယ်ချတာခံလိုက်ရတာ ဖြစ်ပါတယ်။
Photo: Reuters










