အာဆင်နယ်အသင်း၏ ကစားပုံအပေါ် ဝေဖန်မှုများကို နည်းပြအာတီတာ တုံ့ပြန်
DVB
·
October 21, 2026

အာဆင်နယ်နည်းပြ အာတီတာက အသင်းရဲ့ ကစားပုံအပေါ် ဝေဖန်နေသူများမှာ လူနည်းစုသာ ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
အာဆင်နယ်ဟာ ဒီရာသီ ၁၁ ပွဲမှာ ၁၀ ပွဲအထိ အနိုင်ရထားသော်လည်း ဂိုးသွင်းနှုန်းနှေးကွေးနေပြီး ခံစစ်ကို အထူးအလေးပေးတဲ့အသင်းများကို ထိုးဖောက်ရန် ရုန်းကန်နေရတာပါ။
နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ရခဲ့တဲ့ပွဲမှာလည်း အရန်ကစားသမား မာဒူအက်ကီရဲ့ ၈၀ မိနစ်ဂိုးနဲ့သာ ကပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။











