အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အမေရိကန်မြို့တော်ဒေသအတွက် ကြေညာခဲ့တဲ့ အဓိကစီမံကိန်းတွေ အများကြီးထဲက နောက်ဆုံးတခုဖြစ်တဲ့ ဝါရှင်တန် ဒါးလက်စ်လေဆိပ်ကို ပြန်တည်ဆောက်ဖို့ ဒေါ်လာ ၂၂ ဘီလီယံတန် အစီအစဉ်ကို ထုတ်ပြဖို့ စီစဉ်ထားတယ်လို့ သတင်းရင်းမြစ်တွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဇူလိုင် ၂၉ ရက်က အိမ်ဖြူတော်မှာ United Airlines ရဲ့ အမှုဆောင်အရာရှိချုပ် CEO စကော့တ် ကီယာဘီနဲ့ သယ်ယူပို့ဆောင်ရေးဝန်ကြီး ရှောင် ဒက်ဖီတို့နဲ့အတူ ပူးပေါင်းမဲ့ ထရမ့်ပ်ဟာ အမျိုးသားမြို့တော်ဒေသအတွက် အဓိက နိုင်ငံတကာဝင်ပေါက်ဖြစ်တဲ့ လေဆိပ်ကို အကြီးအကျယ် ပြန်ဆောက်ဖို့ တွန်းအားပေးနေခဲ့ပါတယ်။
အစီအစဉ်ထဲမှာ အဆောက်အအုံအသစ် ၄ ခုပါဖို့ မျှော်လင့်ရပါတယ်။ ဖက်ဒရယ်အစိုးရဟာ ဒါးလက်စ်လေဆိပ်ကို ဒေါ်လာ ၂၂ ဘီလီယံဖိုး ပြန်ပြင်ဖို့ စီစဉ်ထားတယ်လို့ ဒက်ဖီက မေလမှာ အတည်ပြုခဲ့ပါတယ်။
Source: Reuters










