DVB Logo
Home
နိုင်ငံတကာ
စပိန်တွင် ရွှေ့ပြောင်းနေထိုင်သူများ တရားဝင်နေထိုင်ခွင့်အတွက် ၁ သန်းကျော်လျှောက်ထား
DVB
·
July 1, 2026
Photo:Reuters
Photo:Reuters
Donate to DVB

စပိန်နိုင်ငံမှာ ဇွန် ၃၀ ရက်က ပိတ်သိမ်းလိုက်တဲ့ အစုလိုက်အပြုံလိုက် အထူးတရားဝင်နေထိုင်ခွင့် လျှောက်ထားမှု အစီအစဉ်မှာ ရွှေ့ပြောင်းအခြေချသူ တသန်းကျော် လာရောက် လျှောက်ထား ခဲ့ကြတယ်လို့ စပိန်ဝန်ကြီးချုပ် ပတ်ဒရို ဆန်းချက်ဇ်က ပြောပါတယ်။

စပိန်ဝန်ကြီးချုပ်က “အခုလို လျှောက်လွှာ တသန်းကျော် ရတာကိုကြည့်ရင် သူတို့ပေးလိုက်တဲ့ အခွင့်အရေးနဲ့ တာဝန်ယူမှုတွေကို အသိအမှတ်ပြုပေးဖို့ ဘယ်လောက်တောင် လိုအပ်နေလဲဆိုတာ ပြသနေတာပဲ” လို့ပြောပါတယ်။

တခြားသူတွေက ရွှေ့ပြောင်းအခြေချမှုကို နိုင်ငံရေးအရ အသုံးချနေကြပေမဲ့ သူ့အစိုးရ အနေနဲ့ ကတော့ ဥပဒေနဲ့အညီ ဖြစ်စေမဲ့၊ ဘေးကင်းပြီး စနစ်တကျရှိမဲ့ ရွှေ့ပြောင်းအခြေချမှုမျိုး ဖြစ်အောင် တာဝန်ယူမှု ရှိရှိနဲ့ မူဝါဒပိုင်းကို တကယ်အကောင်အထည်ဖော်နေတာလို့ ဆန်းချက်ဇ်က ပြောပါတယ်။

ဒါ့အပြင် လူတွေရောက်လာပြီးမှ လိုက်လုပ်ပေးနေရုံနဲ့ တာဝန်ယူမှုရှိတဲ့ မူဝါဒလို့ မခေါ်နိုင်ဘဲ သူတို့ တွေ မထွက်ခွာခင်ကတည်းက ကြိုတင်ရွေးချယ်စရာ လမ်းကြောင်းတွေ ပေးထားရမယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

ဒါကြောင့် စပိန်နိုင်ငံရဲ့ စီးပွားရေးနဲ့ လုပ်ငန်းခွင်တွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့၊ ရောက်ရောက်ချင်းမှာတင် အဆင်ပြေပြေ အသားကျသွားစေဖို့အတွက် “အလုပ်အကိုင် ရွှေ့ပြောင်းနိုင်မှု ဗျူဟာ” တခုကို စတင်ပြီး ဥပဒေနဲ့အညီ ဘေးကင်းစနစ်ကျတဲ့ လမ်းကြောင်းတွေကို ဖွင့်လှစ်ပေးသွားမယ်လို့ သူက ကြေညာခဲ့ပါတယ်။

ရွှေ့ပြောင်းအခြေချမှုဟာ စပိန်နိုင်ငံရဲ့ စီးပွားရေးအနာဂတ်အတွက် အဓိကသော့ချက် ဖြစ်တယ်လို့ ကာကွယ် ပြောဆိုခဲ့ပြီး ဒါသာမရှိရင် လာမဲ့ ၂၅ နှစ်အတွင်း (၂၀၅၀ ပြည့်နှစ်မှာ) နိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP) ၁၉ ရာခိုင်နှုန်း ဆုံးရှုံးသွားမှာဖြစ်သလို လာမဲ့ နှစ် ၅၀ အတွင်း (၂၀၇၅ ခုနှစ်မှာ) ဆိုရင် ၂၂ ရာခိုင်နှုန်းအထိ ထပ်ပြီး ကျဆင်းသွားလိမ့်မယ်လို့ ဆန်းချက်ဇ်က ဆိုပါတယ်။

စီးပွားရေးနဲ့ လုပ်ငန်းခွင်အမြင်ကနေ ဥပမာပြောရရင် ဘားဆိုင်ပေါင်း ၉၀,၀၀၀ လောက် အတင်းအဓမ္မ ပိတ်လိုက်ရမဲ့ သဘောမျိုးပဲလို့ ဝန်ကြီးချုပ်က ပြောပါတယ်။

အာဏာပိုင်တွေဘက်ကတော့ ဒီတရားဝင်နေထိုင်ခွင့် လျှောက်ထားမှုအစီအစဉ်မှာ အစောပိုင်းက လျှောက်လွှာ ၅ သိန်း ဝန်းကျင်လောက်ပဲ ရမယ်လို့ ခန့်မှန်းထားခဲ့တာပါ။

ဒါပေမဲ့ ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်အထိ လျှောက်လွှာပေါင်း ၁ ဒသမ ၂၇ သန်းတောင် ရရှိထားတယ်လို့ စပိန်လူဝင်မှုကြီးကြပ်ရေးအရာရှိများ သမဂ္ဂရဲ့ အကြီးအကဲ ဆီဇာ ပီရက်ဇ်က ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013