DVB Logo
Home
နိုင်ငံတကာ
ဘန်ကောက် ဘီယာဆိုင် မီးလောင်မှု သေဆုံးသူများ နစ်နာကြေး ဘတ် ၃ သိန်းအထိ ရရှိနိုင်
DVB
·
July 14, 2026
Photo: REUTERS/Arnun Chonmahatrakool
Photo: REUTERS/Arnun Chonmahatrakool
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘီယာဆိုင်မီးလောင်မှုမှာ သေဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေအနေနဲ့ တယောက်ကို အစိုးရနစ်နာကြေးငွေ ထိုင်းဘတ် ၃ သိန်းအထိ ရရှိနိုင်ဖို့ အကျုံးဝင်နေတဲ့အကြောင်း Thai PBS သတင်းမှာ ဇူလိုင် ၁၃ ရက်က ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ တရားမျှတမှုနှင့် လွတ်လပ်ခွင့်များ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တြီယာရစ် တီမာဟီဗောင်က နောက်ဆုံးရရှိတဲ့ ရဲတပ်ဖွဲ့ရဲ့ အစီရင်ခံစာနဲ့ သေဆုံးသူတွေရဲ့ ဘယ်သူဘယ်ဝါဖြစ်ကြောင်း အတည်ပြုချက်တွေအပေါ် အခြေခံပြီး နစ်နာကြေးပေးအပ်မဲ့ လမ်းညွှန်ချက်တွေကို အပြီးသတ် သတ်မှတ်နိုင်ဖို့အတွက် လာမဲ့အင်္ဂါနေ့မှာ ဆပ်ကော်မတီအစည်းအဝေးတခုကို သူကိုယ်တိုင် သဘာပတိအဖြစ် ဦးဆောင်ကျင်းပသွားမယ်လို့ ပြောပါတယ်။

သူ့ရဲ့အဆိုအရ ဒီမီးလောင်မှုဟာ ဆိုင်ပိုင်ရှင်၊ ဒါမှမဟုတ် တခြားသူတယောက်ယောက်ရဲ့ ပေါ့ဆမှုကြောင့် ဖြစ်ပွားခဲ့တာဖြစ်ပြီး ရာဇဝတ်မှုမြောက်ကြောင်း သက်သေပြနိုင်မယ်ဆိုရင် သေဆုံးသူ တယောက်ချင်းစီရဲ့ ဆွေမျိုးတွေအနေနဲ့ ပုံမှန်သတ်မှတ်ထားတဲ့ နစ်နာကြေး ဘတ် ၂ သိန်းအစား အမြင့်ဆုံး ဘတ် ၃ သိန်းအထိ တိုးမြှင့်ရရှိမှာလို့ ဆိုပါတယ်။

ဒါ့အပြင် ဒဏ်ရာရရှိခဲ့သူတွေအနေနဲ့လည်း ဝင်ငွေဆုံးရှုံးမှုအပါအဝင် နစ်နာကြေးအဖြစ် တယောက်ကို ဘတ် ၈,၀၀၀၀ အထိ ရရှိနိုင်မဲ့အပြင် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးအတွက်ပါ နောက်ထပ် ဘတ် ၅၀,၀၀၀ အထိ ထပ်မံရရှိဖို့ အကျုံးဝင်နေတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အဆိုပါ ဦးစီးဌာနဟာ နစ်နာကြေး လျှောက်ထားမှုတွေကို လက်ခံဆောင်ရွက်ပေးနိုင်ဖို့အတွက် ရဲဆေးရုံကြီးက မှုခင်းဆေးပညာသိပ္ပံမှာ ယာယီရုံးခန်းတခု ဖွင့်လှစ်ပေးထားပါတယ်။

ဒီမီးလောင်မှုအတွင်း သေဆုံးသူ စုစုပေါင်း ၂၇  ယောက်ရှိပြီး ဒဏ်ရာရရှိသူ ၇၁ ယောက်ရှိခဲ့ကာ အဲဒီအထဲက ၂၄ ယောက်ကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေဆဲဖြစ်ကြောင်း သိရပါတယ်။

မီးလောင်ခဲ့တဲ့ Rong Beer Na Lat Phrao pub အမည်ရတဲ့ အဆိုပါ ဘီယာဆိုင်ကိုတော့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၄ ရက်စွဲနဲ့ မှတ်ပုံတင်ခဲ့တဲ့ Brewery Na Lad Phrao  ကုမ္ပဏီက ပိုင်ဆိုင်တာဖြစ်ပြီး ကုမ္ပဏီရဲ့ အဓိက အစုရှယ်ယာရှင် ၂ ယောက်ဖြစ်တဲ့ ဆူဗီချာ ဆာလိုင်ဘတ်နဲ့ ဇနီးဘန်အွန်တို့က ရှယ်ယာ ၁၀၀ ရာခိုင်နှုန်း စလုံးကို ပူးတွဲပိုင်ဆိုင်ထားကြတာ ဖြစ်ပါတယ်။

Source: Thai PBS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013