
အာဂျင်တီးနားတိုက်စစ်မှူး ဂျူလီယန် အယ်လ်ဗာရက်ဇ်ဟာ အက်သလက်တီကို မက်ဒရစ်ကနေ ထွက်ခွာချင်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
သူ့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ချင်လို့ ဖြစ်တယ်လို့ ဆိုပါတယ်။ အက်သလက်တီကို ဟာ ယူရို ၁၅၀ သန်း (ပေါင် ၁၃၀ သန်း) တန် ရီးရဲလ်မက်ဒရစ်ရဲ့ ကမ်းလှမ်းမှုကို ပြီးခဲ့တဲ့ ဇွန်လက ပယ်ချထားတာပါ။
ဘာစီလိုနာနဲ့ ပီအက်စ်ဂျီတို့လို ထိပ်တန်းကလပ်တွေကလည်း အယ်လ်ဗာရက်ဇ်ကို စိတ်ဝင်စားနေ ကြပါတယ်။
အယ်လ်ဗာရက်ဇ်က အက်သလက်တီကို တာဝန်ရှိသူတွေနဲ့ စကားပြောခဲ့ပြီး အပြောင်းအရွှေ့ လုပ်တာက အားလုံးအတွက် အကောင်းဆုံးဖြစ်မယ်လို့ ပြောပါတယ်။
သူဟာ ၂၀၂၄ နွေရာသီမှာ မန်စီးတီးကနေ ပေါင် ၈၁ သန်းခွဲနဲ့ အက်သလက်တီကိုကို ရောက်လာ တာပါ။
ဒီအသင်းအတွက် ၁၀၆ ပွဲမှာ ၄၉ ဂိုး သွင်းယူထားပြီး ၁၇ ကြိမ် ဂိုးဖန်တီးပေးထားတာ ဖြစ်ပါတယ်။ ၂၀၂၅-၂၆ ချန်ပီယံလိဂ်မှာလည်း ၁၀ ဂိုး သွင်းပြီး အသင်းကို ဆီမီးဖိုင်နယ်အထိ ရောက်အောင် ကူညီခဲ့တာပါ။
Photo:Reuters










