DVB Logo
Home
အားကစား
ကွန်ဆာကို ခေါ်ယူရန် အာဆင်နယ် သဘောတူညီမှုရ
DVB
·
August 20, 2026
Photo: David Klein/Reuters
Photo: David Klein/Reuters
Donate to DVB

အက်စတွန်ဗီလာနောက်ခံလူ အက်ဇရီကွန်ဆာကို ပေါင်သန်း ၅၀ ကျော်နဲ့ ခေါ်ယူဖို့ အာဆင်နယ်အသင်း သဘောတူညီမှု ရရှိသွားပြီလို့ BBC အားကစားသတင်းမှာ ဖော်ပြပါတယ်။

အင်္ဂလန်လက်ရွေးစင် ကစားသမားဟာ အာဆင်နယ်ကို မပြောင်းရွှေ့ခင် ဆေးစစ်မှုတွေ ခံယူသွားမယ်လို့ သိရပါတယ်။

အရင်က အာဆင်နယ်ဟာ လေဗာကူဆင်က ဂျာရယ်ကွမ်ဆာကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမဲ့ အခုတော့ ကွန်ဆာကို ခေါ်ယူဖို့ ဗီလာနဲ့ သဘောတူညီမှု ရခဲ့တာပါ။

အသက် ၂၈ နှစ်အရွယ် ကွန်ဆာဟာ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ ၄၈ ပွဲ ကစားခဲ့ပြီး ဗီလာအသင်း ယူရိုပါလိဂ်ဖလား ရရှိရေးနဲ့ ၂၀၂၆-၂၇ ချန်ပီယံလိဂ် ဝင်ခွင့်ရရေးမှာ အဓိက ပါဝင်ခဲ့ပါတယ်။

ကမ္ဘာ့ဖလားအပြီး နည်းပြ အူနိုင်းအမ်မရီက ၄ ပတ်ကြာ အနားပေးထားလို့ သူဟာ ယူအီးအက်ဖ်အေ စူပါဖလား အပါအဝင် ဗီလာရဲ့ ရာသီကြိုပွဲစဉ်တွေကို လွဲချော်ခဲ့ပါတယ်။

ကွန်ဆာတို့ဟာ ကမ္ဘာ့ဖလား တတိယလုပွဲအထိ ကစားခဲ့ရတဲ့အတွက် ပွဲစဉ်တွေအပြီးမှသာ အသင်းနဲ့ ပြန်ပူးပေါင်းမယ်လို့ နည်းပြက ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013