
အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်မှာ ပနားမားကို (၂-၀) ဂိုးနဲ့ အနိုင်ရခဲ့ပြီး အုပ်စုဗိုလ်အဖြစ်နဲ့ ရှေ့ဆက်နိုင်ခဲ့ပါတယ်။
ဒီပွဲမှာ ကွင်းလယ်လူ ဂျူဘယ်လင်ဂမ်က ၁ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးပြီး ခြေစွမ်းပြခဲ့တာပါ။ သူ့ရဲ့ သွင်းဂိုးကလည်း ထောင့်ကန်ဘောကနေ ခံစစ်သမားနဲ့ အပြိုင်လုပြီး ဘယ်ခြေနဲ့ လှလှပပ ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။
ဂယ်ရီနဗီးလ်က ဘယ်လင်ဂမ်ဟာ အင်္ဂလန်ရဲ့ အကောင်းဆုံးကစားသမားဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။ ဒါ့အပြင် ဘယ်လင်ဂမ်ရဲ့ အဆင့်အတန်းကို တက်လှမ်းဖို့ အင်္ဂလန်ကစားသမားတွေကိုလည်း နဗီးလ်က တိုက်တွန်းလိုက်ပါတယ်။
ဒါပေမဲ့ မန်နေဂျာ သောမတ်စ်တူချယ်ရဲ့ လူထုတ်ပုံကိုတော့ ရွိုင်ကိန်းက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။
တူချယ်ဟာ သူ့ရဲ့ အကောင်းဆုံး ၁၁ ယောက်ကို မသိဘဲ ကစားသမားတွေကို ခဏခဏ ပြောင်းလဲနေတာ မကောင်းဘူးလို့ ကိန်းက ဆိုပါတယ်။
အင်္ဂလန်အသင်းဟာ အုပ်စု ၃ ပွဲမှာ ၇ ကြိမ်အထိ လူအပြောင်းအလဲလုပ်ခဲ့တာ ဖြစ်ပါတယ်။











