DVB Logo
Home
နိုင်ငံတကာ
ဟော်မုဇ် ပြန်ပွင့်လာချိန် ရေနံထုတ်လုပ်မှု ထပ်တိုးမြှင့်မည်ဟု OPEC+ အတည်ပြု
DVB
·
July 7, 2026
Photo: REUTERS/Dado Ruvic/Illustration
Photo: REUTERS/Dado Ruvic/Illustration
Donate to DVB

အမေရိကန်နဲ့ အီရန်ကြားမှာ စစ်ပွဲအဆုံးသတ်ရေး အကြိုသဘောတူညီချက် ရရှိပြီးနောက်ပိုင်း ကမ္ဘာ့စွမ်းအင်ဈေးကွက်အလိုက် နာလန်ပြန်ထူလာတာနဲ့အမျှ OPEC+ အဖွဲ့ဝင်နိုင်ငံတွေက ရေနံ ထုတ်လုပ်မှု တိုးမြှင့်မဲ့အစီအစဉ်တွေကို ကြေညာလိုက်ပါတယ်။

ဇူလိုင် ၅ ရက် ထုတ်ပြန်ချက်အရ ဩဂုတ်လကစပြီး ဆော်ဒီ အာရေဗျ၊ ရုရှား၊ အီရတ်၊ ကူဝိတ်၊ အိုမန်၊ ကာဇက်စတန်နဲ့ အယ်လ်ဂျီးရီးယားစတဲ့ အဖွဲ့ဝင် ၇ နိုင်ငံဟာ တရက်ကို ရေနံစည်ပေါင်း ၁၈၈,၀၀၀ အထိ တိုးမြှင့်ထုတ်လုပ်သွားမှာပါ။ 

OPEC+ အဖွဲ့ဝင်စုစုပေါင်း ၂၁ နိုင်ငံအထိ ရှိပေမဲ့လည်း အဓိကအကျဆုံး ၇ နိုင်ငံသာ အစည်းအဝေး တက်ရောက်လေ့ ရှိသလို ဩဂုတ် ၂ ရက်မှာလည်း ထပ်ပြီးဆွေးနွေးဖို့ ရှိနေပါတယ်။

အခုလိုမျိုး ထုတ်လုပ်မှုတိုးမြှင့်ဖို့ ကြေညာတာဟာ ၅ ကြိမ်ဆက် ရှိပြီဖြစ်တဲ့အပြင် ပမာဏအရ ဆိုရင်တော့ ဧပြီလကနေ ဇူလိုင်လအထိ တရက်ကို စည်ပေါင်း ၈ သိန်းနီးပါး ရှိလာခဲ့ပါတယ်။

ဒါပေမဲ့လည်း OPEC+ ရဲ့ စုစုပေါင်းထုတ်လုပ်မှုဟာ ဖေဖော်ဝါရီလအတွင်း တရက်ကို ၄၂ ဒသမ ၇၇ သန်းလောက် ရှိခဲ့ရာကနေ မေလထဲမှာတော့ ၃၃ ဒသမ ၁၃ သန်းအထိ လျော့ကျသွားခဲ့ပါတယ်။

ဒါ့အပြင် ဟော်မုဇ်ရေလက်ကြားထဲက ရေနံတင်ပို့မှုတွေကိုပါ တဖြည်းဖြည်းချင်း စတင် လုပ်ဆောင်နိုင်ပြီဖြစ်တဲ့အလျောက် ကမ္ဘာ့ရေနံဈေးတွေ ကျဆင်းလာပါတယ်။ 

အဲဒီနောက် ဘရန့်ကမ္ဘာ့ရေနံညွှန်းကိန်းအရ တစည်ကို ၇၂ ဒေါ်လာဝန်းကျင်နဲ့ ဇူလိုင် ၆ ရက်က အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။

ဒါဟာ အီရန်စစ်ပွဲကာလအတွင်း ဒေါ်လာ ၁၂၀ နဲ့အထက် မြင့်တက်ခဲ့တဲ့ ရေနံဈေးနှုန်းက ပဋိပက္ခမဖြစ်ပွားခင် အတိုင်းအတာကို ပြန်ရောက်လာတာပဲ ဖြစ်ပါတယ်။ 

တချိန်တည်းမှာ OPEC ဟာ အဖွဲ့ဝင်အဖြစ်ကနေ ယူအေအီး နုတ်ထွက်သွားတာနဲ့ အီရတ်ရဲ့ ရေနံထုတ်လုပ်ခွင့် ခွဲတမ်းကို တိုးမြှင့်သတ်မှတ်ပေးရေး တောင်းဆိုချက် စတဲ့ စိန်ခေါ်မှုတွေနဲ့ပါ ရင်ဆိုင်နေရပါတယ်။ 

OPEC ဆိုတာဟာ ရေနံတင်ပို့သူ ၁၁ နိုင်ငံ ပါဝင်တဲ့ တရားဝင်အဖွဲ့အစည်း ဖြစ်ပြီး OPEC+ ကတော့ ရုရှားလိုမျိုး အဖွဲ့ဝင်မဟုတ်တဲ့ နောက်ထပ် ၁၀ နိုင်ငံကိုပါ ထပ်ပေါင်းထည့်ထားတာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013