ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ဟာ ဇနီးဖြစ်သူဘရစ်ဂျစ်နဲ့အတူ နိုဝင်ဘာ ၁၆ ရက်မှာ ကမ္ဘောဒီးယားနိုင်ငံ၊ ဆီယမ်ရိပ်မြို့ကို ရောက်လာပါတယ်။
သူတို့ဟာ ကမ္ဘောဒီးယားနိုင်ငံဆီ တရားဝင်ခရီးစဉ်အတွင်း ဆက်လက် လည်ပတ်နေတာဖြစ်ပြီး ခရီးစဉ်အတွင်း သူတို့ဟာ အန်ကော ရှေးဟောင်းသုတေသန ဥယျာဉ်အတွင်း တည်ရှိတဲ့ ၁၁ ရာစု လက်ရာ ဘုရားကျောင်းကို ရောက်လာတာပါ။
ကြေးနဲ့လုပ်ထားတဲ့ ဗိဿနိုး နတ်ဘုရား လျောင်းတော်မူရုပ်တုကြီး ရဲ့ အကြွင်းအကျန်တွေကြောင့် ထင်ရှားပါတယ်။ ပြင်သစ်နဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်တဲ့ ၁၄ နှစ်ကြာ ပြန်လည်မွမ်းမံပြင်ဆင်ရေး စီမံကိန်းက မကြာသေးမီကမှ ပြီးစီးခဲ့တာပါ။
ပြင်သစ်နဲ့ ကမ္ဗောဒီးယား ခေါင်းဆောင်တွေဟာ ပြန်မွမ်းမံထားတဲ့ နေရာဒေသကို လှည့်ပတ်မကြည့်ရှုမီ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ပါတယ်။
Source:Reuters











