အီရန်ရဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ဒီနှစ်ကမ္ဘာ့ဖလားမှာ အီရန်အစား အီတလီအသင်းနဲ့ အစားထိုးဖို့ အဆိုပြုချက်တွေ ထွက်ပေါ်ခဲ့ပေမဲ့ ဖီဖာဘက်ကတော့ ဒါကို လက်ခံမှာမဟုတ်ဘူးလို့ သိရပါတယ်။
အမေရိကန် အထူးကိုယ်စားလှယ် ပါအိုလိုဇမ်ပိုလီက အီတလီဟာ ကမ္ဘာ့ဖလား ၄ ကြိမ်ရဖူးတဲ့ အသင်းကြီးဖြစ်လို့ အီရန်နေရာမှာ အစားထိုးဖို့ အကြံပြုခဲ့တာပါ။
ဒါပေမဲ့ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုကတော့ အီရန်အသင်းဟာ တရားဝင်ခြေစစ်ပွဲအောင်မြင်ထားတဲ့ အသင်းဖြစ်လို့ ပြိုင်ပွဲဝင်ဖို့ သေချာကြောင်း ပြောကြားထားပါတယ်။
အီရန်သံရုံးဘက်ကလည်း အခုလို ဖယ်ထုတ်ဖို့ ကြိုးစားတာဟာ ကိုယ်ကျင့်တရား ပျက်ပြားမှုသာ ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။
အီတလီအားကစားဝန်ကြီး ကိုယ်တိုင်ကလည်း “ကမ္ဘာ့ဖလားဆိုတာ ကွင်းထဲမှာ ခြေစစ်ပွဲအောင်မှ သွားရတာမျိုး ဖြစ်သင့်တယ်” လို့ ပြောဆိုကာ အခုအစီအစဉ်ကို သဘောမတူကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။










