
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် နောက်ဆုံးခြေစမ်းပွဲတွေအတွက် အင်္ဂလန်အသင်းရဲ့ ၃၅ ဦးလူစာရင်းမှာ ရီးရဲလ်မက်ဒရစ်နောက်ခံလူ ထရန့်အလက်ဇန္ဒားအာနိုး ချန်လှပ်ခံရတဲ့ အပေါ် လီဗာပူးဂန္ထဝင် စတီဗင်ဂျရတ်က အံ့အားသင့်မိကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အာနိုးဟာ တိုက်စစ်ပိုင်းမှာ ကောင်းမွန်ပေမဲ့ ခံစစ်ပိုင်းအားနည်းမှုရှိတယ်လို့ ယူဆထားတာကြောင့် နည်းပြ သောမတ်စ်တူချယ်က အခုလို ချန်လှပ်ခဲ့တာဖြစ်ပြီး ဒါဟာ အာနိုးအတွက် လာမဲ့နွေရာသီ ကမ္ဘာ့ဖလားခရီးစဉ်မှာ ပါဝင်ခွင့်ရဖို့ အလှမ်းဝေးသွားစေနိုင်တဲ့ သတိပေးချက်လည်း ဖြစ်ပါတယ်။
ဂျရတ်ကတော့ အာနိုးဟာ ပွဲတပွဲကို လူစားဝင်လာပြီး တချက်တည်းနဲ့ အဖြေပြောင်းလဲနိုင်စွမ်းရှိတဲ့ ကစားသမားမျိုးဖြစ်လို့ အင်္ဂလန်ရဲ့ အကောင်းဆုံး ကစားသမား ၃၅ ယောက် စာရင်းမှာ မပါဝင်တာဟာ စိတ်ပျက်စရာကောင်းတယ်လို့ ဝေဖန်ခဲ့ပါတယ်။










