DVB Logo
Home
နိုင်ငံတကာ
ပေါ်တူဂီတွင် အထွေထွေသပိတ်ကြောင့် ရထား၊ လေယာဉ်ခရီးစဉ်များ ရပ်တန့် 
DVB
·
June 4, 2026
Photo: REUTERS/Pedro Nunes
Photo: REUTERS/Pedro Nunes
Donate to DVB

ပေါ်တူဂီနိုင်ငံတဝန်း အလုပ်သမားသမဂ္ဂတွေက အစိုးရရဲ့ အလုပ်သမား ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို ၆ လအတွင်း ဒုတိယအကြိမ်အဖြစ် ဇွန် ၃ ရက်က ဆန္ဒပြခဲ့ကြပါတယ်။ 

ဒါကြောင့် ဝန်ဆောင်မှုတွေ တရက်တာ အနှောင့်အယှက်ဖြစ်ခဲ့ပြီး ရထားတွေ ရပ်သွားသလို၊ လေယာဉ်ခရီးစဉ် ရာပေါင်းများစွာ ဖျက်သိမ်းခဲ့ရပြီး ကျောင်းတွေ ပိတ်ခဲ့ရပါတယ်။

ပေါ်တူဂီရဲ့ လူနည်းစုဗဟို-လက်ယာအစိုးရဟာ အလုပ်သမားသမဂ္ဂတွေနဲ့ ဆွေးနွေးပွဲတွေ ပျက်ပြားသွားခဲ့ပြီးတဲ့နောက် အလုပ်သမားဥပဒေပုဒ်မ ၁၀၀ ကျော်အတွက် အငြင်းပွားစရာ အပြောင်းအလဲတွေကို လွန်ခဲ့တဲ့ နှစ်ပတ်က လွှတ်တော်ဆီ ပေးပို့ခဲ့ပါတယ်။ 

ဒီအပြောင်းအလဲက ထုတ်လုပ်မှုနဲ့ တိုးတက်မှုကို မြှင့်တင်ဖို့ ရည်ရွယ်ထားတာပါ။ ဒီဥပဒေကြမ်းကို အစွန်းရောက်လက်ယာယိမ်း ချေဂါပါတီရဲ့ ထောက်ခံမှုနဲ့ အတည်ပြုနိုင်စရာရှိတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။

ပြုပြင်ပြောင်းလဲမှုဟာ မတည်မငြိမ်ဖြစ်နေတဲ့ အလုပ်အကိုင်တွေကို ခိုင်မာစေခြင်း၊ အလုပ်ချိန်တွေမှာ စည်းမျဉ်းစည်းကမ်းတွေ လျှော့ချခြင်း၊ အလုပ်ထုတ်ပယ်တာတွေကို လျှော့ချခြင်း၊ သပိတ်မှောက်ခွင့်တွေ၊ အလုပ်သမားတွေ ကိုယ်ဝန် ဆောင်ချိန်၊ မီးဖွားချိန်နဲ့ ကလေးငယ်ချိန်တွေမှာ မိဘတွေရဲ့ အလုပ်အကိုင်အခွင့်အရေး၊ ကျန်းမာရေးနဲ့ ငွေကြေး တည်ငြိမ်မှုအတွက် ကာကွယ်စောင့်ရှောက်ခွင့်တွေကို ထိန်းချုပ်ခြင်းအားဖြင့် အလုပ်သမားတွေရဲ့ အခြေအနေ တွေကို ပိုဆိုးရွားစေလိမ့်မယ်လို့ ပေါ်တူဂီရဲ့ အကြီးဆုံးသမဂ္ဂ CGTP ရဲ့ အကြီးအကဲ တီယာဂို အိုလီဗီရာက ပြောပါတယ်။

နိုင်ငံပိုင် ရထားလမ်း CP က အဝေးပြေးရထားတွေနဲ့ ဒေသတွင်းရထားအများစုကို ရပ်ဆိုင်း ထားချိန်မှာ လစ်စဘွန်းမြို့မှာတော့ မြေအောက်ရထားကို ပိတ်ထားခဲ့ပါတယ်။

ဝန်ထမ်းရှားပါးမှုကြောင့် တနိုင်ငံလုံးက ကျောင်းတွေကို ပိတ်ထားခဲ့ပြီး ဆေးရုံတွေမှာလည်း သူနာပြုတွေ ထွက်သွားပြီးတဲ့နောက် ခွဲစိတ်မှုတွေနဲ့ လူနာချိန်းဆိုမှု အများစုကို ရွှေ့ဆိုင်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013