DVB Logo
Home
မြန်မာသတင်း
ပုလောမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်
DVB
·
March 15, 2026
ပုလောမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်
Donate to DVB

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ တပ်မဟာ (၄) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

KNLA နဲ့ ပူးပေါင်းတပ်တွေက တောင်ယာကမ်းရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို မတ် ၁၁ ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး မတ် ၁၄ ရက် မနက်ပိုင်းမှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲ ၄ ရက်တာကာလအတွင်း မတ်လ ၁ ရက် မနက် ၉ နာရီလောက်မှာ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ တစီးနဲ့ ဗုံး ၂ လုံးကြဲချပြီး ခုခံခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အယောက် ၂၀ နီးပါးသေဆုံးကာ အယောက် ၃၀ ကျော်စခန်းမှာ စခန်းမှ ထွက်ပြေးသွားတယ်လို့ သိရပြီး KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က MA 1 သေနတ် ၄ လက်၊ MA တလက်နဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ပါတယ်။

KNU မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက “တောင်ယာကမ်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေဟာ ပုလောမြို့ရဲ့ အကာစခန်းတွေဖြစ်ပြီး စစ်ကောင်စီအတွက် ခြိမ်းခြောက်မှုဖြစ်လာနိုင်တယ်”လို့ ပြောပါတယ်။

အဆိုပါတိုက်ပွဲကို KNU တပ်မဟာ (၄) လက်အောက်ခံ KNDO တပ်ရင်း (၇)၊ တပ်ခွဲ (၁)၊ တပ်ခွဲ (၅)၊ KNLA အထူးကွန်မန်ဒိုတပ်ဖွဲ့၊ ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013