ဒိန်းမတ်နဲ့ ယူကရိန်း ခြေစမ်းပွဲမှာ ကွင်းအတွင်း လဲကျခဲ့ပြီး ၃ လအကြာမှာတော့ ကွင်းလယ်လူ ခရစ်စတီယန် အဲရစ်ဆင်ဟာ ဂျာမနီကလပ် ဝုလ်ဖ်ဘတ်စ်နဲ့ သဘောတူညီမှုအရ စာချုပ်ဖျက်သိမ်းလိုက်တယ်လို့ BBC အားကစားသတင်းက ဖော်ပြပါတယ်။
အသက် ၃၄ နှစ်အရွယ် အဲရစ်ဆင်ဟာ မန်ယူအသင်းကနေ ပြီးခဲ့တဲ့နှစ်က ရောက်လာတာဖြစ်ပြီး ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာပါ။
မိသားစုနဲ့ အနီးကပ် နေထိုင်ချင်တာကြောင့် အခုလို ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဝုလ်ဖ်ဘတ်စ်အသင်း ပြန်လည်အောင်မြင်ဖို့အတွက်လည်း ဆုတောင်းပေးတယ်လို့ သူက ဆိုပါတယ်။
အဲရစ်ဆင်ကို လွတ်လပ်စွာ ဆုံးဖြတ်ခွင့် ပေးချင်တာကြောင့် စာချုပ်ဖျက်သိမ်းခွင့် ပြုလိုက်တာလို့ အသင်းတာဝန်ရှိသူက ပြောပါတယ်။
ဒိန်းမတ်လက်ရွေးစင် အဲရစ်ဆင်ဟာ ၂၀၂၁ ယူရိုပြိုင်ပွဲတုန်းကလည်း ဖင်လန်နဲ့ပွဲမှာ နှလုံးရပ်ပြီး လဲကျခဲ့ဖူးပါတယ်။











