DVB Logo
Home
မြန်မာသတင်း
မဲဆောက်တွင် တရားမဝင် မြန်မာကုန်စည် ဘတ်သိန်း ၁၇၀ ဖိုး ဖျက်ဆီး (ဓာတ်ပုံ) 
DVB
·
March 12, 2026
မဲဆောက်တွင် တရားမဝင် မြန်မာကုန်စည် ဘတ်သိန်း ၁၇၀ ဖိုး ဖျက်ဆီး (ဓာတ်ပုံ) 
1 / 16
Donate to DVB

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ မြန်မာပြည်ဘက်ကနေ တရားမဝင် တင်သွင်းလာတဲ့ ဘတ် သိန်း ၁၇၀ တန်ဖိုးရှိတဲ့ ကုန်စည်တွေကို မတ် ၁၂ ရက် ဒီမနက် ၁၀ နာရီလောက်မှာ  တာ့ခ်ခရိုင်အခွန်ဦးစီးဌာနက ဦးဆောင်ပြီး ထိုင်းစစ်တပ်၊ ထိုင်းရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးနဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီး ဖျက်ဆီးလိုက်ပါတယ်။

မြန်မာနိုင်ငံမြဝတီဘက်ကနေ ထိုင်းဘက်ကို ခွင့်ပြုချက်မရဘဲ တင်သွင်းလာတဲ့ အခွန်လွတ်ကုန်စည်တွေကို ထိုင်းအကောက်ခွန်ဌာနက ဖမ်းဆီးခဲ့တဲ့ အမှုပေါင်း ၁၄၉ မှု မတ်လအတွင်းမှာ စစ်ဆေးပြီးစီးသွားတဲ့အတွက် တရားမဝင်ကုန်စည်တွေကို ဖျက်ဆီးပစ်လိုက်တာပါ။

ဖျက်ဆီးလိုက်တဲ့ မြန်မာကုန်စည်တွေထဲမှာ မြေပဲ၊ ပြောင်းဆန်၊ စတဲ့ လယ်ယာထွက်ကုန်တွေ၊  ကျန်းမာရေးအန္တရာယ်ပေးနိုင်တဲ့ ဆေးလိပ်၊  အီးစီးကရက်၊ အချိုရည်၊ အရက်နဲ့ တရားမဝင် စားသောက်ကုန်တွေနဲ့ လူသုံးကုန်တွေလည်း ပါဝင်ပါတယ်။ 

ဒီပစ္စည်းတွေဟာ အရည်သွေးမမီတဲ့အတွက်  အမှုပြီးတဲ့အခါ ဖျက်ဆီးရတာဖြစ်ကြောင်း၊ သုံးစွဲတဲ့ ပြည်သူတွေဆီ ရောက်သွားရင် ကျန်းမာရေးအန္တရာယ်ပေးနိုင်တဲ့အတွက်လည်း  လမ်းကြိတ်စက်နဲ့ ကြိတ်ဖျက်ဆီးပြီး မြေမြှုပ်ပစ်တာလို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

တာ့ခ်ခရိုင်အခွန်ဦးစီးမှူးက “ဒါတွေအားလုံးဟာ အမှုပြီးသွားတဲ့ တရားမဝင်ကုန်တွေ ဖြစ်ပါတယ်။ ပြည်သူလက်ထဲ နောက်တခါ ပြန်မရောက်ရှိရေး၊ လူငယ်တွေ လမ်းမှားမရောက်စေရေးနဲ့ တရားမဝင် စားသုံးကုန် ဆေးလိပ်တွေကို ရှေ့ဆက်ဖမ်းဆီးသွားမယ်”လို့ ပြောပါတယ်။

အမှတ် ၆ ဒုရဲမှူးကြီးကလည်း ဥပဒေနဲ့မကိုက်ညီတဲ့ ကုန်စည်တွေနဲ့ ထိုင်းနိုင်ငံအတွက် တရားမဝင်တာမှန်တာကို ဖမ်းဆီးအရေးယူရမှာ ဖြစ်သလို ဖမ်ဆီးမှုတပိုမိုတင်းကျပ်သွားမယ်လို့ ပြောပါတယ်။

ဒေသကွပ်ကဲရေးတပ်ရဲ့ ဗျူဟာမှူးကတော့ မြန်မာ-ထိုင်းနယ်စပ်မှာ တရားမဝင်ကုန်စည်တွေနဲ့အတူ မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးတာတွေကို ထိုင်းနိုင်ငံအမျိုးသားလုံခြုံရေးအတွက် အတတ်နိုင်ဆုံး ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ 

ဖိုးစီ

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013