DVB Logo
Home
မြန်မာသတင်း
အူခီယားရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင် ARSA တပ်မှူး ၁ ဦး အသတ်ခံရ
DVB
·
July 31, 2026
Photo- ARSA( ARSA တပ်ဖွဲ့ဝင် ပုံဟောင်းများ)
Photo- ARSA( ARSA တပ်ဖွဲ့ဝင် ပုံဟောင်းများ)
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အူခီယားမြို့နယ်ရှိ အမှတ်(၈) ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင်းမှာ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့ ARSA အဖွဲ့ရဲ့ တပ်မှူးတယောက် ဇူလိုင် ၃၀ ရက် မနက်က သေနတ်နဲ့ ပစ်သတ် ခံလိုက်ရတယ်လို့ ဘင်္ဂလားဒေ့ရှ် အခြေစိုက်သတင်းစာတွေက ရေးပါတယ်။

ပစ်ခတ်သတ်ဖြတ်ခံရတဲ့ အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) အဖွဲ့ရဲ့ တပ်မှူး ဖြစ်သူမှာ မိုဟာမက် ဇူဘိုင်ယာ (၃၄ နှစ်) ဖြစ်ပြီး ဇူလိုင် ၃၀ ရက် မနက် ၃ နာရီ မိနစ် ၄၀ မှာ အနီးနားရှိ ဗလီကို ဝတ်ပြုသွားစဉ်မှာ ပစ်ခတ်သတ်ဖြတ်ခံလိုက်ရတာလို့ ဒေသအာဏာပိုင် ရဲတပ်ဖွဲ့ဝင်တွေက အတည်ပြုထားပါတယ်။

ARSA တပ်မှူး မိုဟာမက် ဇူဘိုင်ယာကို ပစ်ခတ်သတ်ဖြတ်သူတွေဟာ ရိုဟင်ဂျာလက်နက်ကိုင် နောက်တဖွဲ့ဖြစ်တဲ့ RSO အဖွဲ့ဝင်တွေက သတ်ဖြတ်တာဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ကောက်ချက် ချထားပါတယ်။

ARSA တပ်မှူး မိုဟာမက် ဇူဘိုင်ယာကို လက်နက်ကိုင်ဆောင်ထားသူ အနည်းဆုံးအယောက် ၂၀ ကနေ ၂၅ ယောက်တို့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး သူရဲ့ ခန္ဓာကိုယ်မှာ ကျည်ဒဏ်ရာ ၄ ချက် အထိ တွေ့ရတယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ရဲ့ လက်နက်ကိုင်ရဲတပ်ဖွဲ့ (APBn-14) တာဝန်ရှိသူတွေ က ပြောပါတယ်။

လက်ရှိ ARSA တပ်မှူး သေဆုံးမှုနဲ့ ပတ်သတ်ပြီး အမှုဖွင့်ထားသလို ပါဝင်ပတ်သက်သူ အားလုံးကို လည်း ဖမ်းဆီးအရေးယူနိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ APBn-14 ရဲ့ ကွပ်ကဲရေးမှူးလည်းဖြစ်သူ ဒုတိယရဲချုပ် မိုဟာမက် စီရာ့ဂ် အာမင်က ပြောပါတယ်။

ပစ်ခတ်သတ်ဖြတ်ခံရသူ ARSA တပ်မှူး မိုဟာမက် ဇူဘိုင်ယာကို ရိုဟင်ဂျာ ဒုက္ခသည်စခန်းအနီးရှိ နယ်စည်းမခြား ဆရာဝန်များအသင် း(MSF) ရဲ့ ဆေးရုံးကို အရေးပေါ် ပို့ဆောင်ခဲ့ပေမဲ့ ဆေးရုံ ရောက်ရှိချိန်မှာ အသက်သေဆုံးခဲ့ပြီလို့ လက်နက်ကိုင် ရဲတပ်ဖွဲ့ (APBn-14) က အတည်ပြု ထားပါတယ်။

စစ်အာဏာရှင်တပ်နဲ့ မဟာမိတ်ဆက်ဆံရေးတွေ ရှိကြတဲ့ ရိုဟင်ဂျာ လက်နက်ကိုင်တပ်တွေဖြစ်တဲ့ ARSA၊ RSO၊ ARA တို့ဟာ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ အခြေစိုက် လှုပ်ရှားကြတာဖြစ်ပြီး ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်းက ဒေသခံတွေ၊ ကုန်သည်တွေနဲ့ အာရက္ခတပ်တော်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို မကြာခဏဆိုသလို ချုံခိုတိုက်ခိုက်တာ၊ ပြန်ပေး ဆွဲတာတွေ ပြုလုပ်နေကြတာလည်းဖြစ်ပါတယ်။

အာရက္ခတပ်တော်ရဲ့ မောင်တောနဲ့ ဘူးသီးတောင်မြို့သိမ်း တိုက်ပွဲတွေမှာလည်း ရိုဟင်ဂျာ လက်နက်ကိုင်တပ်တွေဖြစ်တဲ့ ARSA၊ RSO၊ ARA တို့ဟာ စစ်အာဏာရှင်တပ်နဲ့ အတူပူးပေါင်းပြီး အာရက္ခတပ်တော်(AA)ရဲ့ ထိုးစစ်တွေကို ခုခံခဲ့ကြပါတယ်။

Ref: The Daily Star

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013