DVB Logo
Home
မြန်မာသတင်း
BNRA အဖွဲ့ဝင် ၁၀၀ ကျော်ကို မိဘများထံ ပြန်လည်အပ်နှံ
DVB
·
March 7, 2026
BNRA အဖွဲ့ဝင် ၁၀၀ ကျော်ကို မိဘများထံ ပြန်လည်အပ်နှံ
Donate to DVB

ယင်းမာပင်ခရိုင် PDF ကွပ်ကဲရေးမှူးနဲ့ ဒေသတွင်း တပ်ရင်းတပ်ဖွဲ့တွေ‌ ထိန်းသိမ်းထားတဲ့ BNRA တပ်ဖွဲ့ဝင်တွေကို မတ် ၆ ရက်က မိဘတွေဆီ ပြန်လည်အပ်နှံခဲ့ပါတယ်။

ပြီးခဲ့တဲ့  ဖေဖော်ဝါရီ ၁၈ ရက်က  ဗမာအမျိုးသားတော်လှန်ရေး တပ်မတော် BNRA အဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်နဂါး  စစ်တပ်ဆီကို အညံ့ခံသွားပြီးနောက် နယ်မြေလုံခြုံရေးအရ သူ့တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ထိန်းသိမ်းထားခဲ့တာဖြစ်ပြီး အခု ပြန်လွှတ်ချိန်မှာ မုန့်ဖိုး ၁ သိန်းစီလည်း ပေးလိုက် တယ်လို့ ခရိုင်တာဝန်ရှိသူဆီကနေ သိရပါတယ်။

ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်က “မုန့်ဖိုးပေးတာကတော့ ရဲ‌ဘော်အကုန်လုံးကို ပေးတာပါ။ ရဲဘော် ၁၀၀ ကျော်တယ်။ မိဘဆီ အပ်နှံတာက အယောက်  ၉၀ ကျော်။ ကျန်တဲ့သူ အနည်းငယ်က‌တော့ စစ်ဆေးစရာရှိလို့ ခဏ ထိန်းသိမ်းထားတယ်။ သူတို့လည်း မကြာခင် မိဘထံ ပြန်အပ်သွားမှာပါ” လို့ DVB ကို ပြောပါတယ်။

BNRA ခေါင်းဆောင် ဗိုလ်နဂါး စစ်တပ်ဆီကို လက်နက်ချအညံ့ခံပြီးနောက်ပိုင်း စစ်တပ်က ပုလဲမြို့နယ်မှာ မြေပြင်စစ်ကြောင်းထိုးသလို ဝေဟင်ကပါ လေယာဉ်နဲ့ဗုံးကြဲတာကြောင့် မုံသွင်ရွာ၊ ပိ‌တောက်ကုန်းရွာ၊ မရိုးတုံးရွာနဲ့ ချင်ပြစ်ရွာက ပြည်သူတွေ ထိခိုက်သေဆုံးတာတွေရှိသလို လူနေအိမ်တချို့လည်း မီးလောင်ပျက်စီးတယ်လို့ သိရပါတယ်။

စစ်တပ်စစ်ကြောင်းနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေလည်းဖြစ်ပွားခဲ့ပြီး မတ် ၆ ရက်အထိ စစ်ရေးတင်းမာနေတာကြောင့် မုံသွင်၊ ချင်ပြစ်၊ မရိုးတုံးနဲ့ အနီးတဝိုက် ကျေးရွာတွေ က ဒေသခံတွေဟာ တိမ်းရှောင်နေကြရတာ တပတ်ကျော်ကြာနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013