DVB Logo
Home
မြန်မာသတင်း
ကင်းပန်းရွာဆေးရုံနှင့် ကျောင်း ဗုံးကြဲခံရပြီး ကလေးငယ် အပါအဝင် ၃ ဦး သေဆုံး
သီရိ
·
August 17, 2026
Photo: မြေပြင်ရဲ​ဘော်တဦး
Photo: မြေပြင်ရဲ​ဘော်တဦး
Donate to DVB

စစ်ကိုင်းတိုင်း၊ ကောင်လင်းခရိုင်၊ ပင်လည်ဘူးမြို့နယ်၊ ကင်းပန်းရွာဆေးရုံနဲ့ စာသင်ကျောင်းကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တယောက်နဲ့ ကိုယ်ဝန်ဆောင်မိခင်အပါအဝင်  ပြည်သူ ၃ ယောက်သေဆုံးပြီး ၁၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဩဂုတ် ၁၆ ရက် ညနေ ၃ နာရီဝန်းကျင်မှာ ကင်းပန်းရွာက ဆေးရုံ၊ စာသင်ကျောင်းနဲ့ နေအိမ်တွေကို တိုက်လေယာဉ် ၂ စင်းနဲ့ လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ဝန်းကျင် ပြုလုပ်ခဲ့တာပါ။

ကြဲချခဲ့တဲ့ဗုံးတွေထဲမှာ ကလက်စတာဗုံးတွေ ပါပြီး စက်သေနတ်တွေလည်း ပစ်ခတ်ခဲ့တာကြောင့် စာသင်ကျောင်း၊ ဆေးရုံနဲ့ လူနေအိမ် ၁၅ လုံးလောက်လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်မိခင်တယောက်နဲ့ အသက် ၆၀ အရွယ် အမျိုးသားတယောက်တို့ သေဆုံးခဲ့ပြီး ဩဂုတ် ၁၇ ရက် မနက်အစောပိုင်းမှာ အသက် ၆ နှစ်အရွယ် ကလေးငယ်တယောက် ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ရေးအခြေအနေ ထူးခြားတာမရှိဘဲ မန္တလေးနဲ့ ဟုမ္မလင်းလေဆိပ်တွေက တက်တဲ့ တိုက်လေယာဉ်တွေနဲ့ လေကြောင်းတိုက်ခိုက်မှုလုပ်သွားတာလို့ ဒေသခံတယောက်က ပြောပြပါတယ်။

“အဆောက်အအုံကတော့ ၁၅ လုံး ပျက်စီးပြီး စာသင်ကျောင်းဆောင်က မှန်တွေ ကွဲတယ်၊ နံရံတွေ ဗုံးစ မှန်တာတွေ ရှိတယ်။ ချတဲ့ ဗုံးက ကလပ်စတာပါတော့ မြေပြင်မှာ ပေါက်ကွဲရာတွေ တွေ့ရပါတယ်ဗျ၊ ဗုံးချပြီး စက်သေနတ်နဲ့ပါ ပစ်သွားတော့ နေအိမ်ထိခိုက်တာတွေတော့ များနိုင်ပါတယ်၊ သေဆုံး ၃ ယောက်မှာ (၆/၇ နှစ်) အရွယ် မိန်းကလေးနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ အသက် ၆၀ ဝန်းကျင် အမျိုးသားတယောက် သေဆုံးပြီး။  ၁၀ ယောက်ကျော်လောက် ဒဏ်ရာ ရရှိပါတယ်။”

ထိခိုက်ဒဏ်ရာရသူတွေဟာလည်း ဆေးဝါးကုသမှု ခံယူနေကြရပြီး တချို့ဒဏ်ရာပြင်းထန်သူတွေနဲ့ ကိုယ်လက်အင်္ဂါ ဆုံးရှုံးထားသူတွေက အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ ရှိနေတယ်လို့ သိရပါတယ်။

ဗုံးကြဲခံရပြီးနောက်ပိုင်း ကင်းပန်းရွာက စာသင်ကျောင်းကိုပိတ်ထားရပြီး၊ ဆေးရုံက လူနာတွေကိုတော့ အရေးပေါ်ရွှေ့ပြောင်းထားရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ လေကြောင်းတိုက်ခိုက်မှု ထပ်လုပ်မှာစိုးတဲ့အတွက် ရွာခံတွေကို ကျေးရွာထဲမှာ မနေခိုင်းဘဲ တိမ်းရှောင်ထားခိုင်းတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောကြပါတယ်။

အခုဗုံးကြဲချမှူဟာ စစ်အာဏာရှင်တပ်နဲ့ ပူးပေါင်းသွားတဲ့ ဗိုလ်နဂါးလက်အောက်ခံ တကိုယ်တော် သုဘရာဇာနဲ့ ဒေါင်းညိုတို့ဟာ သြဂုတ် ၁၅ ရက်မှာ ကင်းပန်းဆေးရုံမှာ ဆေးကုသမှုခံယူနေချိန် လူနာစောင့်ကို အဆိပ်ခပ်ပြီး ထွက်ပြေးလွတ်မြောက်သွားပြီးတဲ့နောက်ပိုင်း အခုလို ဗုံးကြဲခဲ့တာလို့ ဒေသခံတွေက ပြောပေမဲ့ သီးခြားတော့ အတည်မပြုနိုင်သေးသလို ထွက်ပြေးသွားသူတွေကို ဆက်သွယ်မေးမြန်းလို့လည်း မရသေးပါဘူး။

ဒေသခံတယောက်က “ပင်လည်ဘူးမြို့နယ် ကင်းပန်းရွာကို လေယာဉ် ၂ စင်း၊ ဗုံး ၈ လုံးနဲ့ ၂ ခေါက်စီ ကြဲသွားတယ်။ နောက်တခေါက်က ထွက်ပြေးတာတွေကို စက်သေနတ်နဲ့ လမ်းတလျှောက် ပစ်သေးတယ်။ ဗိုလ်နဂါးရဲ့ တပ်ရင်းမှူး ၂ ယောက် သုဘရာဇာနဲ့ ဒေါင်းညိုဆေးရုံမှာ ဆေးကုသမှု ခံယူနေတုန်း အ‌စောင့်‌ ၂ ယောက်ကို အိပ်‌ဆေးခပ်ပြီး ထွက်ပြေးသွားတာ ၁၅ ရက်နေ့က ထွက်ပြေးတယ် ၁၆ ရက်နေ့ကို ဗုံးလာကြဲတယ်။ သေဆုံးဒဏ်သူက ဦးလေးတယောက်၊ အပျိုအရွယ်တယောက် ဒဏ်ရာရတာက အတိအကျမသိတာ ခန့်မှန်း ၁၃ ယောက်လောက် ရှိတယ်။ ခြေပြတ် လက်ပြတ်တာတွေရောပဲ။ သူတို့ ထွက်မပြေးခင်ရက်ထိ ကင်းပန်းရွာက ထမင်းကျွေးပြီး စောင့်ရှောက်ထားခဲ့တာ”လို့ ပြောပါတယ်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှာ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ခေါင်းဆောင် ဗိုလ်နဂါးဟာ စစ်အာဏာရှင်တပ်နဲ့ ပူးပေါင်းသွားပြီးနောက် တပ်ရင်းမှူးတွေဖြစ်ကြတဲ့ ဒေါင်းညိုနဲ့ သုဘရာဇာတို့ဟာ တော်လှန်ရေးတပ်တွေဆီမှာ ထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013