DVB Logo
Home
နိုင်ငံတကာ
အာဂျင်တီးနား အလုပ်သမားပြုပြင်ပြောင်းလဲရေး ဥပဒေကို အလုပ်သမားအဖွဲ့ချုပ် ကန့်ကွက် 
DVB
·
March 3, 2026
အာဂျင်တီးနား အလုပ်သမားပြုပြင်ပြောင်းလဲရေး ဥပဒေကို အလုပ်သမားအဖွဲ့ချုပ် ကန့်ကွက် 
Donate to DVB

အာဂျင်တီးနားနိုင်ငံက ဩဇာကြီးတဲ့ အလုပ်သမားသမဂ္ဂဖြစ်တဲ့ အထွေထွေအလုပ်သမားအဖွဲ့ချုပ် (CGT) ဟာ မတ် ၂ ရက်မှာ အစိုးရရဲ့ အလုပ်သမားပြုပြင်ပြောင်းလဲရေးဥပဒေကို တရားဥပဒေအရ စိန်ခေါ်ခဲ့ပါတယ်။

အဲဒီဥပဒေကို အုပ်ချုပ်ရေးဌာနက မပြဋ္ဌာန်းရသေးပါဘူး။ တရားစွဲဆိုမှုနဲ့အတူ အာဂျင်တီးနား တရားရုံးချုပ်ရှေ့မှာ “အလုပ်အကိုင်ကို ကာကွယ်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ခြင်းလည်းဖြစ်သည်” ဆိုတဲ့ ဆောင်ပုဒ်နဲ့ အလုပ်သမားသမဂ္ဂက စုဝေးပွဲတရပ်ကို စီစဉ်ခဲ့ပါတယ်။

CGT ပြောခွင့်ရတယောက်က “အလုပ်သမားပြုပြင်ပြောင်းလဲရေးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ မူတွေကိုရော၊ စုပေါင်းအခွင့်အရေးနဲ့ တယောက်ချင်း အခွင့်အရေးတွေကိုပါ ရှင်းရှင်းလင်းလင်း အပြင်းအထန် ချိုးဖောက်ခြင်းကို ကိုယ်စားပြုတယ်”လို့ ပြောပါတယ်။

ပြုပြင်ပြောင်းလဲရေး ဥပဒေကြမ်းကို ဖေဖော်ဝါရီ ၂၇ ရက်မှာ အထက်လွှတ်တော်က အတည်ပြုခဲ့ပြီး ဥပဒေဖြစ်လာဖို့ နောက်ဆုံးခွင့်ပြုချက် ပေးခဲ့ပါတယ်။

သမ္မတ ဟာဗီယာမီလေးရဲ့ အစိုးရအဖွဲ့က ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ဖို့၊ တရားဝင် အလုပ်အကိုင်တွေကို မြှင့်တင်ဖို့ နည်းလမ်းတခုအဖြစ် ဒီဥပဒေကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

ဒါပေမဲ့ အလုပ်သမားသမဂ္ဂတွေက ဒီဥပဒေဟာ သပိတ်မှောက်ခွင့် အပါအဝင် ရေရှည် အလုပ်သမား အကာအကွယ်တွေကို ထိခိုက်စေတယ်လို့ ပြောဆို ငြင်းခုံနေကြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013