DVB Logo
Home
မြန်မာသတင်း
NCGUB ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်း၏ စျာပနအခမ်းအနားကို တိုက်ရိုက်ထုတ်လွှင့်မည်
DVB
·
February 28, 2026
NCGUB ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်း၏ စျာပနအခမ်းအနားကို တိုက်ရိုက်ထုတ်လွှင့်မည်
Donate to DVB

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB ဝန်ကြီးချုပ်ဟောင်းလည်းဖြစ် ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) သတင်းဌာနကို စတင်တည်ထောင်ခဲ့သူလည်းဖြစ်တဲ့  ဒေါက်တာစိန်ဝင်းရဲ့ စျာပနနဲ့ အောက်မေ့ဖွယ်အခမ်းအနားကို DVB ရဲ့ ဖေ့စ်ဘွတ်ခ်ကနေ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်သွားမှာပါ။

ဒေါက်တာစိန်ဝင်းရဲ့ ဈာပန အခမ်းအနားကို အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်၊ University of Maryland - UMD Memorial Chapel မှာ ဖေဖော်ဝါရီ ၂၈ ရက် ဒီနေ့ အမေရိကန် အရှေ့ပိုင်းစံတော်ချိန် မနက် ၁၁ နာရီ၊ မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲမှာ စတင်ကျင်းပမှာပါ။ 

ဒီအခမ်းအနားကိုတက်ရောက်ဖို့ အမေရိကန်နိုင်ငံအနှံ့က  မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားတဲ့ အင်အားစုတွေနဲ့ ဒေါက်တာစိန်ဝင်းကို ချစ်ခင်လေးစားတဲ့ မြန်မာအသိုက်အဝန်းက အများအပြားတက်ရောက်ဖို့ မယ်ရီလန်းပြည်နယ်ကို ရောက်ရှိနေကြပါတယ်။

အသက် ၈၃ နှစ်အရွယ် ဒေါက်တာစိန်ဝင်းဟာ ဖေဖော်ဝါရီ ၆ ရက် မနက် ၇ နာရီဝန်းကျင်မှာ အမေရိကန်ပြည်ထောင်စု၊ မယ်ရီလန်းပြည်နယ်၊ Suburban ဆေးရုံမှာကွယ်လွန်ခဲ့တာပါ။

ဒေါက်တာစိန်ဝင်းဟာ ရိုးသားမှု၊ ခေါင်းဆောင်ကောင်း၊ ဆရာကောင်းပီသမှုတွေကြောင့် နိုင်ငံတကာရောက်မြန်မာအသိုင်းအဝိုင်းရဲ့ လေးစားချစ်ခင်မှုကို ရရှိခဲ့သူဖြစ်ပါတယ်။

ဒေါက်တာစိန်ဝင်းဟာ ၁၉၆၅ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကနေ သင်္ချာဘာသာနဲ့ သိပ္ပံဘွဲ့ရခဲ့ပြီး ၁၉၇၄ ခုနှစ်မှာ ဂျာမနီနိုင်ငံ ဟမ်းဘတ်တက္ကသိုလ်က မဟာသိပ္ပံဘွဲ့နဲ့  ၁၉၇၉ ခုနှစ်မှာ ပါရဂူဘွဲ့ ရရှိခဲ့ပါတယ်။ 

ဒေါက်တာစိန်ဝင်းဟာ ဒီမိုကရေစီအရေးမှာ အမြင်ကျယ်သူဖြစ်ပြီး သတင်းမီဒီယာလုပ်ငန်းကို အားပေးခဲ့သူဖြစ်ပါတယ်။

ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) ကို ၁၉၉၂ ခုနှစ်မှာ ဦးဆောင်တည်ထောင်ခဲ့ပြီး ၂၀၁၂ ခုနှစ်အထိ ဘုတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်လူကြီးအဖြစ် တာဝန်ယူခဲ့ပါတယ်။ 

ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူ ဒေါ်စီစီသွယ်၊ သမီး မေ့လပြည့်စိန်ဝင်းနဲ့ သား ပြည်လရောင်စိန်ဝင်းတို့ ကျန်ရစ်ခဲ့ပါတယ်။

NCGUB ဝန်ကြီးချုပ် ဒေါက်တာ စိန်ဝင်းအတွက် ဇနီးဖြစ်သူ ဒေါ်စီစီသွယ်၏ နှုတ်ဆက်စာ

“ကမ္ဘာမြေကြီးရေ”

ကြီးကြယ်မြင့်မြတ်တဲ့ နိုင်ငံရေးသမား၊

သင်္ချာသမား၊ သားကောင်းတယောက်၊

စာအုပ်ကို ထမင်းထက်မက်တဲ့ ကျောင်းသား ကဝိအိုကို ဆီးကြိုဂုဏ်ပြုကြပါတော့။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013