DVB Logo
Home
မြန်မာသတင်း
အသက်မပြည့်သူများကို စစ်မှုထမ်းခေါ်ယူသည့် ကြားခံအဖွဲ့အစည်းများရှိနေဟု စစ်ကောင်စီတပ် ဝန်ခံ
DVB
·
February 28, 2026
အသက်မပြည့်သူများကို စစ်မှုထမ်းခေါ်ယူသည့် ကြားခံအဖွဲ့အစည်းများရှိနေဟု စစ်ကောင်စီတပ် ဝန်ခံ
Donate to DVB

စစ်မှုထမ်းခေါ်ယူရာမှာ ကြားခံအဖွဲ့အစည်းတွေက ဥပဒေကို လက်တလုံးခြားလုပ်ပြီး အသက် မပြည့်သေးသူတွေကို ခေါ်ယူနေတာရှိလို့  ဖြေရှင်းနေရတယ်လို့ စစ်ကောင်စီခန့် ကာကွယ် ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေး ဝန်ခံ ပြောပါတယ်။

နေပြည်တော်ကောင်စီနယ်မြေ ကာကွယ်ရေးဝန်ကြီးရုံးမှာ ဖေဖော်ဝါရီ ၂၆ ရက်က ပြုလုပ်တဲ့ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့အစည်းအဝေးမှာ ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောတာပါ။

"စစ်မှုထမ်းကိစ္စမှာ ကြားခံလူတွေက ဥပဒေကို လက်တလုံးခြားလုပ်ကာ အသက်မပြည့်သေးသူတွေ ကို စစ်မှုထမ်းဖို့ ခေါ်ယူခဲ့တဲ့ ဖြစ်စဥ်အများအပြားရှိပြီး တိုင်ကြားမှုတွေလည်းရှိတာကြောင့် လေ့ကျင့်ရေးသင်တန်းကျောင်းတွေကို  မပို့ဆောင်မိ စုရပ်တွေမှာ စိစစ်ရာမှာ အသက်မပြည့်သေးသူ တွေကို တွေ့ရတာကြောင့် ပြန်လွှတ်ပေးရတာတွေလည်းရှိတယ်။"

ကြားခံအဖွဲ့အစည်းတွေက အသက်မပြည့်သေးသူတွေကိုသာမက အသက်ကျော်လွန်နေသူကိုပါ စစ်မှုထမ်း ဆင့်ခေါ်တာရှိလို့ ထိရောက်စွာအရေးယူနိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားဖို့ လိုတယ်လို့ လည်း ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောပါတယ်။

စစ်မှုထမ်းကိစ္စ အရေးယူဆောင်ရွက်မှုတွေရှိတယ်လို့ ပြောပေမဲ့ အမှန်တကယ်လက်တွေ့မှာ ဘယ်သူကိုမှ တိုင်ကြားလို့ မရကြောင်း ပေါ်တာဆွဲ ဖမ်းဆီးခံရသူ တယောက်ရဲ့ မိသားစုဝင်က ပြောပါတယ်။

“စစ်မှုထမ်းကိစ္စ အရေးယူဆောင်ရွက်တယ်ဆိုတာ လူကြားကောင်းအောင်ပြောတာ။ တကယ် တမ်းတိုင်ရင် ဘယ်သူမှ အရေးမယူပေးဘူး။ ၂၀၂၅ နှစ်အစမှာ ဇေကမ္ဘာစက်မှုဇုန်ထဲမှာ ၉ တန်း ကျောင်းသားတယောက် ပေါ်တာဆွဲခံရတယ်။ မြို့နယ်၊ ခရိုင်၊ တိုင်းအထိတိုင်တယ်။ သင်တန်း ကျောင်းရောက်ပြီး သင်တန်းသာဆင်းသွားတယ် ဘယ်သူမှမဖြေရှင်းပေးဘူး။”

မြန်မာနိုင်ငံတဝန်းမှာ အသက်မပြည့်သေးသူတွေရော အသက်ပြည့်ပြီးသူတွေကိုပါ စစ်ကောင်စီတပ်၊ ပြည်သူ့စစ်၊ ရဲနဲ့အုပ်ချုပ်ရေးအဖွဲ့တွေက ပေါ်တာဆွဲဖမ်းဆီးတာတွေရှိပေမဲ့ အရင်က စစ်တပ်က ငြင်းဆိုခဲ့ပြီး အခုမှ ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ဝန်ခံပြောဆိုလာတာဖြစ်ပါတယ်။

လူတိုင်းမဖြစ်မနေ စစ်မှုထမ်းရမယ့် ဥပဒေကို စစ်ခေါင်းဆောင်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက် က အသက်သွင်းကာ မတ် ၂၈ ရက်မှာ စတင်သင်တန်းပေးခဲ့ရာ အခုဆိုအပတ်စဥ် ၂၄ အထိ ရောက်လာပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013