DVB Logo
Home
အားကစား
စီရော်နယ်ဒို စပိန်ကလပ် အယ်လ်မာရီယာအသင်း၏ပိုင်ရှင် တစိတ်တပိုင်းဖြစ်လာ
DVB
·
February 27, 2026
စီရော်နယ်ဒို စပိန်ကလပ် အယ်လ်မာရီယာအသင်း၏ပိုင်ရှင် တစိတ်တပိုင်းဖြစ်လာ
Donate to DVB

အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါ်တူဂီ ဝါရင့်တိုက်စစ်မှူး ခရစ်စတီယာနို ရော်နယ်ဒိုဟာ ဘောလုံးလောကကနေ အနားယူဖို့ ခြေလှမ်းသစ်အဖြစ် စပိန်ဒုတိယတန်းကလပ် အယ်လ်မာရီယာ အသင်းရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ဝယ်ယူကာ အသင်းပိုင်ရှင်ဘဝကို စတင်လိုက်ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၃ နှစ်ကတည်းက အသင်းပိုင်ရှင်ဖြစ်ချင်တယ်လို့ သူပြောခဲ့တဲ့ စကားအတိုင်း အကောင်အထည်ဖော်လိုက်တာဖြစ်ပြီး ဒါဟာ သူ့ရဲ့ ၂၄ နှစ်ကြာ ကစားသမားဘဝ အဆုံးသတ်တော့မဲ့ အသိသာဆုံး အရိပ်အယောင်လည်း ဖြစ်ပါတယ်။

လက်ရှိမှာ ပိုင်ဆိုင်မှု ပေါင် ၁ ဘီလီယံကျော်ရှိနေတဲ့ ရော်နယ်ဒိုဟာ နည်းပြ ဒါမှမဟုတ် ဘောလုံးဝေဖန်သုံးသပ်သူ အလုပ်တွေထက် အင်္ဂလန်အကျော်အမော် ဒေးဗစ်ဘက်ခမ်းလို အသင်းပိုင်ရှင်အဖြစ် လုပ်ကိုင်ဖို့ ရွေးချယ်ခဲ့တာပါ။

လာမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားဟာ သူ့အတွက် နောက်ဆုံးပြိုင်ပွဲ ဖြစ်လာမှာဖြစ်သလို တဖက်မှာလည်း ပေါ်တူဂီမှာ ပေါင် ၂၈ သန်းတန် နန်းတော်သဖွယ် စံအိမ်ကြီးကို အပြီးသတ်ဆောက်လုပ်ရင်း ကစားသမားဘဝအလွန် ဇိမ်ခံဘဝအတွက် အားလုံးကို အစီအစဉ်တကျ ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013