DVB Logo
Home
အားကစား
အဓမ္မပြုကျင့်မှု စွပ်စွဲချက်ဖြင့် PSG နောက်ခံလူ ဟာကီမီ တရားရင်ဆိုင်ရမည်
DVB
·
February 25, 2026
အဓမ္မပြုကျင့်မှု စွပ်စွဲချက်ဖြင့် PSG နောက်ခံလူ ဟာကီမီ တရားရင်ဆိုင်ရမည်
Donate to DVB

ပီအက်စ်ဂျီနောက်ခံလူ အာရှာ့ဖ်ဟာကီမီဟာ ၂၀၂၃ ခုနှစ်တုန်းက အမျိုးသမီးတယောက်ကို အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြင်သစ်တရားရုံးမှာ ရုံးထုတ် စစ်ဆေးခံရတော့မှာ ဖြစ်ပါတယ်။

အစိုးရရှေ့နေတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အခုအခါ အမှုစစ်ဆေးဖို့ တရားရုံးကို လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ပါတယ်။

တကယ်လို့ ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင် ဟာကီမီဟာ အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်ခြေ ရှိနေပါတယ်။

ဟာကီမီရဲ့ ရှေ့နေကတော့ ဒီစွပ်စွဲချက်တွေကို အပြည့်အဝ ငြင်းဆိုထားပြီး တရားခွင်မှာ အမှန်တရား ပေါ်ပေါက်လာလိမ့်မယ်လို့ ပြောကြားထားပါတယ်။

ဟာကီမီဟာ စွပ်စွဲခံရချိန်ကစပြီး အသင်းမှာ ဆက်လက်ကစားခွင့်ရရှိနေပေမဲ့ အခုအခါ တရားဝင် ရုံးထုတ်စစ်ဆေးခံရတော့မှာပါ။

ဒါဟာ ကစားသမားရဲ့ အနာဂတ်အတွက် အရေးပါတဲ့ အခြေအနေတခုဖြစ်ပြီး ဥရောပဘောလုံးလောက ကလည်းစောင့်ကြည့်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013