DVB Logo
Home
နိုင်ငံတကာ
MIP ဆိပ်ကမ်းတွင် ဗီယက်နမ် ၁ ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သဖြင့် ဆေးရုံတင်ထားရ
DVB
·
February 22, 2026
MIP ဆိပ်ကမ်းတွင် ဗီယက်နမ် ၁ ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သဖြင့် ဆေးရုံတင်ထားရ
Donate to DVB

ရန်ကုန်တိုင်း၊ အလုံမြို့နယ် ကမ်းနားလမ်းရှိ MIP ဆိပ်ကမ်းမှာ ဖေဖော်ဝါရီ ၂၂ ရက် ဒီနေ့မနက် ၈ နာရီဝန်းကျင်က ဗီယက်နမ်နိုင်ငံသားတယောက် ကိုယ့်လည်ပင်းကိုယ် ဓားနဲ့လှီးပြီး အဆုံးစီရင်ခဲ့တာကြောင့် ဆေးရုံတင်ထားရတယ်လို့ ဆိပ်ကမ်းနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ဒီနေ့ မနက် ၈ နာရီဝန်းကျင်က ဗီယက်နမ်နိုင်ငံကို ထွက်ခွာမယ့် ဆန်တင်သင်္ဘောမှာ ဗီယက်နမ်နိုင်ငံသားတယောက် မိမိအိပ်ခန်းအတွင်း လည်ပင်းကို ဓားနဲ့လှီးကာ အဆုံးစီရင်ခဲ့တာကြောင့် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားရတယ်လို့ ဆိပ်ကမ်းနဲ့နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

"ဗီယက်နမ်ကုန်တင်သင်္ဘောက သင်္ဘောသားပါ။ ဘာကြောင့် မိမိကိုယ်ကိုသတ်သေလဲတော့ မသိဘူး။ လည်ပင်းမှာ ပြတ်ရှဒဏ်ရာတွေနဲ့လဲနေတာ၊ သင်္ဘောပေါ်က လူတွေအကြောင်းကြားလို့ လူမှုကူညီရေးအသင်းတွေနဲ့ချိတ်ပြီး ရန်ကုန်ဆေးရုံကြီးမှာ တင်ထားရတယ်။ အခြေအနေက စိုးရိမ်ရတယ်။” 

ဗီယက်နမ်အထွေထွေကုန်တင်သင်္ဘောမှာ အလုံမြို့နယ် ကမ်းနားလမ်းရှိ MIP ဆိပ်ကမ်းကို  ဖေဖော်ဝါရီ ၈ ရက်နေ့ကတည်းက ရောက်ရှိနေတာဖြစ်ပြီး ဒီကနေ့ ဆန်တင်ဆောင်ပြီး ပြန်လည်ထွက်ခွာမယ့်အချိန် အဆိုပါဖြစ်စဥ် ဖြစ်ခဲ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

“ဗီယက်နမ်နိုင်ငံက ဘစ်မိတ်မိုက်တီး ကုန်တင်သင်္ဘောမှာဖြစ်သွားတာ။ အဲဒီ သင်္ဘောက ဒီနေ့ဆန်တွေတင်ပြီး ပြန်ထွက်တော့မှာ၊ ဆန်တွေတင်နေတဲ့ ဗိယက်နမ်နိုင်ငံသားက သူရဲ့ အိပ်ခန်းထဲမှာ လည်ပင်းကို ဓားနဲ့လှီးပြီး သတ်သေဖို့ ကြိုးစားတာ၊ တော်သေးတယ် သင်္ဘောပေါ်မှာ မသေလို့။ အဲဒီ သင်္ဘောရောက်နေတာ ၈ ရက်နေ့ကတည်းက ဆိပ်ကမ်းမှာ ကုန်တင်ကုန်ချလုပ်နေတာ။” 

ကိုယ့်လည်ပင်းကိုယ် ဓားနဲ့လှီးပြီး သတ်သေဖို့ ကြိုးစားသူ ဗီယက်နမ်နိုင်ငံသားမှာ အသက် ၃၃ နှစ်အရွယ် LE DO QUVEN ဖြစ်ပြီး ဘစ်မိတ်မိုက်တီး ကုန်တင်သင်္ဘောက သင်္ဘောသားဖြစ်တယ်လို့ သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။

လတ်တလောမှာ အဆိုပါ ဗီယက်နမ်နိုင်ငံသားဟာ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရပြီး စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ ဆိပ်ကမ်းနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013