DVB Logo
Home
မြန်မာသတင်း
အိန္ဒိယ-ရခိုင် နယ်စပ်ကုန်သွယ်ရေးဂိတ် အားလုံးပြန်ဖွင့်
DVB
·
February 21, 2026
အိန္ဒိယ-ရခိုင် နယ်စပ်ကုန်သွယ်ရေးဂိတ် အားလုံးပြန်ဖွင့်
Donate to DVB

အိန္ဒိယနိုင်ငံသားတယောက်သေဆုံးတာ‌ကြောင့် အိန္ဒိယနိုင်ငံဘက်က ပိတ်ထားတဲ့ အိန္ဒိယ-ရခိုင် နယ်စပ်ကုန်သွယ်ရေးဂိတ်တွေအားလုံး ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

အာရက္ခပြည်သူအစိုးရရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ မီဇိုရမ်ပြည်နယ်က အာဏာပိုင်တွေ၊ လူငယ်အတွေအကြား တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ပြန်ဖွင့်ပေးဖို့ အိန္ဒိယဘက်က သဘောတူလိုက်တာဖြစ်တယ်လို့ အိန္ဒိယရောက် နယ်စပ်ကုန်သည်တယောက်က ပြောပါတယ်။

“နယ်စပ်ဂိတ်တွေက ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မနက်ပိုင်းကတည်းက အားလုံးကို ပြန်ဖွင့်ပေးလိုက်ပါပြီ။ ကုန်သည်တွေလည်း ပုံမှန်အတိုင်း ကုန်သွယ်မှုစပြီး လုပ်ကိုင်နေကြပါပြီး။ နှစ်ဖက်အာဏာပိုင်တွေနဲ့ လူငယ်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးပြီး ပိတ်ထားတဲ့ဂိတ်တွေကို ပြန်ဖွင့်ပေးလိုက်တာ” လို့ပြောပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့က မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့က ကားသမားတယောက်ဟာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝကျေးရွာကို ကုန်စည်လာပို့တုန်း သေဆုံးခဲ့တာကြောင့် နယ်စပ်ဂိတ်တွေကို ၂ လပိတ်ထားဖို့ အိန္ဒိယဘက်က အမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အာရက္ခတပ်တော် တာဝန်ရှိသူတွေဟာ မီဇိုရမ်အာဏာပိုင်တွေ၊ လူငယ်အဖွဲ့အစည်တွေနဲ့ တွေဆုံဆွေးနွေးခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ဆိုင်းဟာခရိုင်အတွင်းက နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်ပေးခဲ့သလို၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ လောင်တလိုင်ခရိုင်အတွင်းက နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယ-ရခိုင် နယ်စပ်ကုန်သွယ်ရေးဟာ နှစ်ဖက်လုံးအတွက် အကျိုးရှိတာကြောင့် ပြန်ဖွင့်လိုက်တာ အကောင်းဆုံး ဖြေရှင်းချက်ဖြစ်တယ်လို့ ရခိုင်ကုန်သည်တယောက်က ပြောပါတယ်။

“အိန္ဒိယ-ရခိုင် နယ်စပ်ကုန်သွယ်ရေးက နှစ်ဖက်လုံးအတွက် အကျိုးရှိတယ်။ မီဇိုရမ်အတွက် ဝင်ငွေရရှိသလို ရခိုင်ပြည်အတွက်လည်း စားနပ်ရိက္ခာနဲ့ ဆေးဝါးရရှိစေတယ်။ အခုလို ဂိတ်တွေပိတ်ထားတော့ နှစ်ဖက်လုံးအတွက်အကျိုးမရှိဘူးလေ။ ပြန်ဖွင့်လိုက်ပြီဆိုတော့ ကုန်သွယ်ရေးလည်း ပြန်လည်လည်ပတ်စေပြီး အကောင်းဆုံးဖြေရှင်းချက်ဖြစ်စေတယ်” လို့ပြောပါတယ်။

အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်ကြောင်းကို ဖေဖော်ဝါရီ ၁၃ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ အိန္ဒိယဘက်က ရပ်တန့်ထားခဲ့တာကြောင့် ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေမှာ ကုန်ဈေးနှုန်းနည်းနည်းမြင့်တက်သွားတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ မြို့သိမ်းတိုက်ပွဲတွေစတင်တဲ့ ၂၀၂၃ ခုနှစ်ကတည်းက ပြည်မကကုန်စည်တွေကို စစ်ကောင်စီက ပိတ်ဆို့ထားတာကြောင့် လိုအပ်တဲ့စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ စက်သုံးဆီတွေကို မီဇိုရမ်ပြည်နယ်ကနေ အဓိကတင်းသွင်းနေကြရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013