DVB Logo
Home
မြန်မာသတင်း
အာဏာခွဲဝေမှုတွင် စစ်တပ်က အရေးကြီးနေရာများ ယူထား
DVB
·
February 18, 2026
အာဏာခွဲဝေမှုတွင် စစ်တပ်က အရေးကြီးနေရာများ ယူထား
Donate to DVB

ဧပြီလမှာ ပေါ်ထွက်လာမဲ့ အစိုးရသစ်အတွက် စစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီ အာဏာခွဲဝေမှုမှာ စစ်ကောင်စီတပ်က အရေးကြီးနေရာ အတော်များများ ယူထားတယ်လို့ နေပြည်တော် သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်က နေပြည်တော်မှာ စစ်ခေါင်းဆောင်နဲ့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီတို့ တွေ့ဆုံဆွေးနွေးမှုအပြီးမှာ ပေါက်ကြားလာတဲ့ သတင်းတွေအရ သမ္မတရာထူး အပါအဝင် အရေးကြီးနေရာ အများစုကို စစ်ကောင်စီတပ်က ယူထားတယ်လို့ နေပြည်တော် သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“သမ္မတက တပ်ကဝင်ရွေးတဲ့ ကိုယ်စားလှယ်၊ ဒုသမ္မတက ကြံ့ခိုင်ရေးနဲ့ တိုင်းရင်းသားပါတီက နှစ်ယောက်၊ နိုင်ငံခြားရေး၊ စီမံ ဘဏ္ဍာဝန်ကြီးတွေလည်း တပ်ကပဲ၊ ပိုက်ဆံရတဲ့ ဝန်ကြီးနေရာ အတော်များများ တပ်ကကိုယ်စားလှယ်တွေပဲ ပေးတာ။ အစိုးရသစ်ဆိုပေမဲ့ ပြောင်းလဲမှုသိပ်မရှိဘူး။ ဘောင်းဘီဝတ်ကနေ ဘောင်းဘီချွတ်ပြီး ဆက်အုပ်ချုပ်တဲ့ပုံစံ။”

အခုထွက်ပေါ်လာတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ DVB အနေနဲ့ သီးခြား အတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

အာဏာခွဲဝေမှုမှာ ကြံ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ ဝန်ကြီး၊ ဒုဝန်ကြီးနေရာ အများစုကို ရထားပြီး ကြံ့ခိုင်ရေးကိုယ်စားပြုပြီး တပ်ကနေ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်တွေက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနဲ့ ဝန်ကြီးနေရာတွေ ယူထားပါတယ်။

စစ်ခေါင်းဆောင်ရဲ့ အခင်းအကျင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မူကို မှီငြမ်းထားပေမဲ့ ၂၀၁၀ ကလို မဟုတ်ဘဲ စစ်တပ်က အစိုးရသစ်ကို အစအဆုံး ထိန်းချုပ်ထားချင်တဲ့မူ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတယောက်က သုံးသပ် ပြောဆိုပါတယ်။

“အများစုက ၂၀၁၀ အခင်းအကျင်းမျိုး သွားမယ်လို့ ထင်တာ၊ မဟုတ်ဘူး၊ ၂၀၁၀ မှာ ဦးသန်းရွှေက အာဏာလွှဲပေးပြီး နိုင်ငံရေးကနေ ကျောခိုင်းသွားတယ်။ ဝင်ပြီးစွက်ဖက်တာ မရှိဘူး။ မင်းအောင်လှိုင်က သူ့ရဲ့မူကို ယူထားပေမဲ့ အာဏာလက်မလွှတ်ဘဲ အစိုးရသစ်ကို သူ့အုပ်ချုပ်အောက်ကနေ သွားခိုင်းမဲ့ပုံစံ။”

စစ်တပ်သြဇာခံ ရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီ ၃ ရက်က ထုတ်ပြန်တဲ့ စာရင်းအရ လွှတ်တော်သုံးရပ်အတွက် ကိုယ်စားလှယ်ပေါင်း ၁,၀၂၅ ယောက်မှာ ကြံ့ခိုင်ရေးပါတီက ၇၃၉ နေရာ အနိုင်ရရှိထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် အစိုးရအဖွဲ့ဝင်တွေကို စစ်ကောင်စီက ဖမ်းဆီးပြီး အာဏာသိမ်းခဲ့တာ ၅ နှစ်သက်တမ်းပြည့်တဲ့အချိန်မှာ စစ်အုပ်စုက ရွေးကောက်ပွဲ ပြန်လုပ်ပေးခဲ့ပေမဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက အတုအယောင် ရွေးကောက်ပွဲဆိုပြီး ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013