
အမေရိကန်ပြည်ထောင်စုဟာ တက္ကဆက်ပြည်နယ်က အယ်လ်ပါဆို အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ "အထူးလုံခြုံရေးအကြောင်းပြချက်တွေ" ကြောင့် ပျံသန်းမှုအားလုံးကို ရပ်ဆိုင်းလိုက်တယ်လို့ အမေရိကန် ပြည်ထောင်စု လေကြောင်းစီမံခန့်ခွဲရေးဌာနက ဖေဖော်ဝါရီ ၁၁ ရက်မှာ အသေးစိတ်အချက်အလက်တွေကို မဖော်ပြဘဲ ပြောပါတယ်။
အမေရိကန်စစ်တပ်ရဲ့ Biggs တပ်မတော်လေယာဉ်ကွင်းဘေးမှာရှိပြီး မက္ကဆီကိုနိုင်ငံ ဟွာရက်ဇ် မြို့နဲ့ နယ်စပ်မှာရှိတဲ့ လေဆိပ်က Instagram မှာ တင်ထားတဲ့ ပို့စ်တခုမှာ လေယာဉ်ခရီးစဉ်အားလုံးကို ရပ်နားထားပြီလို့ ပြောပါတယ်။
အယ်လ်ပါဆိုလေဆိပ်က ကန့်သတ်ချက်တွေကို အချိန်တိုအတွင်းထုတ်ပြန်ခဲ့ပြီး FAA က နောက်ထပ်လမ်းညွှန်မှုကို စောင့်ဆိုင်းနေတယ်လို့ The New York Times သတင်းဌာနက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးမက္ကဆီကိုပြည်နယ်က စန်တာ ထရေဇာမြို့ရဲ့ ရပ်ကွက်က လေပိုင်နက်ကို ဖြတ်သန်းမယ့် လေယာဉ်ခရီးစဉ်တွေကိုလည်း ပိတ်ပင်ထားတယ်လို့ FAA က ပြောပါတယ်။
ကန့်သတ်ချက်တွေက ဖေဖော်ဝါရီ ၂၁ ရက်အထိ အကျုံးဝင်မှာဖြစ်ပြီး မက္ကဆီကိုလေပိုင်နက်မပါဘဲ လေဆိပ်ကနေ ရေမိုင် ၁၀ လောက် အကွာမှာ အကျုံးဝင်မယ်လို့ အေဂျင်စီက ထပ်လောင်း ပြောပါတယ်။
လုံခြုံရေးအကြောင်းပြချက်တွေနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေအတွက် တောင်းဆိုချက်ကို FAA က ချက်ချင်းတုံ့ပြန်ခြင်း မရှိသေးပါဘူး။
Photo:Reuters










