DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မော်လမြိုင် ရထားခရီးစဥ် ၂ ခု ယာယီရပ်နား
DVB
·
September 10, 2023
ရန်ကုန်-မော်လမြိုင် ရထားခရီးစဥ် ၂ ခု ယာယီရပ်နား
Donate to DVB

ရန်ကုန် -မော်လမြိုင် ရထားလမ်းပိုင်းမှာ နေ့စဥ် ပြေးဆွဲနေတဲ့ ရထားခရီးစဥ် ၂ ခုကို မိုးတွင်း ကာလ ဖြစ်တဲ့အပြင် ခရီးသည်တွေ လိုက်ပါစီးနင်းမှု နည်းလာပြီး အရှုံးပေါ်နေတာကြောင့် စက်တင်ဘာ ၁၁ ရက်စတင်ကာ ယာယီရပ်နားလိုက်တယ်လို့ သိရပါတယ်။

မော်လမြိုင်ဘူတာကြီးနဲ့ နီးစပ်သူတဦးက "ခုက ခရီးစဥ် ၂ ခုကို ယာယီရပ်နားတာလို့ သိရတယ်။ ဒါအပြင် RBE တွဲဆိုင်းကိုလည်း ယာယီဖျက်သိမ်းသွားမယ်။ ဘယ်တော့လောက်ပြန်ပြေးဆွဲမလဲဆိုတာတော့ မသိသေးဘူး" လို့ ပြောပါတယ်။

ယာယီရပ်နားလိုက်တဲ့ ရထားခရီးစဥ် ၂ ခုမှာ အမှတ် ၈၁ အဆန်/အမှတ် ၈၂ အစုန်ရထားခရီးစဥ်နဲ့ အမှတ် ၈၉ အဆန်/အမှတ် ၉၀ အစုန်ရထားခရီးစဥ် ၄ ခုအနက် အမှတ် ၈၉ အဆန်/အမှတ် ၉၀ အစုန်ရထားခရီးစဥ် ၂ ခုတို့ဖြစ်ပါတယ်။

ရထားခရီးစဥ်ရပ်နားတာကိုတော့ စက်တင်ဘာ ၁၁ ရက်က စတင်ကာ ယာယီဖျက်သိမ်းသွားမှာဖြစ်ပြီး ဘယ်တော့ ပြန်ပြေးဆွဲမလဲဆိုတာ မသိသေးပါဘူး။

ဒါ့အ​ပြင် အရင်က ဗုဒ္ဓဟူးနေ့နဲ့ သောကြာနေ့တွေမှာ ပြေးဆွဲခဲ့တဲ့ RBE တွဲဆိုင်းကိုလည်း ယာယီဖျက်သိမ်းသွားမယ်လို့ ဆိုပါတယ်။

ကျန်နေတဲ့ အမှတ် ၈၁ အဆန်/အမှတ် ၈၂ အစုန်ရထားခရီးစဥ်တွေကိုတော့ လေအိတ်ရထားတွဲဆိုင်းနဲ့ ရိုးရိုး (AAR) ရထားတွဲဆိုင်းတွေအသုံးပြပြီး တရက်စီ အလှည့်ကျစနစ်နဲ့ နေ့စဥ်ပြေးဆွဲပေးသွားမယ်လို့ မော်လမြိုင်မီးရထားဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာ့မီးရထားဌာနကတာဝန်ရှိသူတဦးက “ရထားကို လေအိတ်တွဲဆိုင်း တရက်၊ ရိုးရိုးတွဲဆိုင်းတရက် ပြေးဆွဲပေးမယ်။ လေအိတ်က ကုန်တင်လို့ မရဘူး၊ ရိုးရိုးက ကုန်တင်လို့ ရတယ်။ ဒါကြောင့် ကုန်စည် တန်ဆာတွေ အဆင်ပြေအောင် တရက်စီ အလှည့်ကျ ပြေးဆွဲပေးတာ” လို့ ပြောပါတယ်။

ရထားခရီးစဉ်ကတော့ မော်လမြိုင်ဘူတာမှ နေ့စဥ် မနက် (၈) နာရီခွဲ ထွက်ခွာပြီး ရန်ကုန်ဘူတာကြီးကို ည ၆ နာရီ ရောက်ရှိမှာဖြစ်ကာ လမ်းခရီးမှာတော့ မုတ္တမ၊ ပေါင်၊ ဇင်းကျိုက်၊ ရင်းငြိမ်၊ သထုံ၊ သိမ်ဆိပ်၊ နှင်းပုလဲ၊ တောင်စွန်း၊ မရမ်းကုန်း၊ ကျိုက်ထို၊ ကျိုက္ကသာ၊ မုပ္ပလင်၊ သိမ်ဇရပ်၊ ဝေါ၊ ပဲခူး၊ တိုးကြောင်ကလေး စုစုပေါင်း (၁၆) ဘူတာ ရပ်တန့်ပေးသွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013