DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ်-ပူတင် သဘောတူညီချက်က အမေရိကန်-ရုရှား ငြိမ်းချမ်းရေးကြိုးပမ်းချက်အတွက် အဓိကကျ
DVB
·
February 10, 2026
ထရမ့်ပ်-ပူတင် သဘောတူညီချက်က အမေရိကန်-ရုရှား ငြိမ်းချမ်းရေးကြိုးပမ်းချက်အတွက် အဓိကကျ
Donate to DVB

အမေရိကန်နိုင်ငံ၊ အလာစကာပြည်နယ်ရဲ့ အကြီးဆုံးမြို့ အန်ကောရေ့ချ်မှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့အကြား ရခဲ့တဲ့ သဘောတူညီချက်တွေဟာ ရုရှား-အမေရိကန် ဆက်ဆံရေးနဲ့ ငြိမ်းချမ်းရေးကြိုးပမ်းချက်တွေအတွက် အခြေခံကျတယ်လို့ ရုရှားသမ္မတနန်းတော် ကရင်မလင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရီ ပဲ့စ်ကို့ဗ်က ဖေဖော်ဝါရီ ၉ ရက်မှာ ပြောပါတယ်။

၂ နိုင်ငံဆက်ဆံရေးရဲ့ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး မေးရာမှာ ပဲ့စ်ကို့ဗ်က ၂ နိုင်ငံအကြား လုပ်ငန်းတွေ ဆက်လုပ်နေတယ်လို့ ပြောပါတယ်။

ရုရှားက အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် ပွင့်လင်းနေဆဲဖြစ်ပြီး ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ အမေရိကန်အစိုးရက လက်ရှိ ကြိုးပမ်းနေပေမဲ့ စီးပွားရေးဆိုင်ရာ ဆက်ဆံရေးအတွက် မျှော်လင့်ချက်မရှိဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလာ့ဗရော့ဗ်က တနင်္လာနေ့ အစောပိုင်းမှာ ပြောခဲ့ပါတယ်။

သံတမန် ခီရီလ် ဒီမီထရီဗ် အပါအဝင် ရုရှားအရာရှိတွေဟာ ယူကရိန်းငြိမ်းချမ်းရေး ဖြေရှင်းချက်ရဲ့ တစိတ်တပိုင်းအနေနဲ့ အမေရိကန်နဲ့ စီးပွားရေးဆက်ဆံရေးကို အဓိက ပြန်ထူထောင်ဖို့ အလားအလာတွေ ရှိတယ်လို့ အရင်က ပြောခဲ့ဖူးပါတယ်။

ဒါပေမဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ မော်စကိုနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ပြန်အသက်သွင်းဖို့ ပြောဆိုခဲ့ပါတယ်။

အိမ်ဖြူတော်ဆီ ပြန်လာပြီးတဲ့နောက် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို အမေရိကန်မြေပေါ်မှာ ဧည့်ခံခဲ့ပေမဲ့ ရုရှားရဲ့ အရေးကြီးတဲ့ စွမ်းအင်ကဏ္ဍအပေါ် နောက်ထပ် ပြင်းထန်တဲ့ ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013