DVB Logo
Home
နိုင်ငံတကာ
ထိုင်းကုန်လှောင်ရုံမီးလောင်ပြီး ဘတ် သန်း ၆၀ ဖိုးဆုံးရှုံး
DVB
·
February 10, 2026
ထိုင်းကုန်လှောင်ရုံမီးလောင်ပြီး ဘတ် သန်း ၆၀ ဖိုးဆုံးရှုံး
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း၊ နခွန်ဆီသမာရတ်ခရိုင်၊ ထုန်စုန်းမြို့နယ်ထဲမှာ ကုန်လှောင်ရုံတရုံ မီးလောင်မှုကြောင့် အနည်းဆုံး ဘတ်သန်း ၆၀ ဖိုးလောက် ပျက်စီးဆုံးရှုံးခဲ့တဲ့အကြောင်း Khaosod သတင်းမှာ ဖော်ပြပါတယ်။

ဒါဟာ ဖေဖော်ဝါရီ ၉ ရက် ညဉ့်နက်ပိုင်းက ယုံချာရင်ကုန်တိုက် ကုန်လှောင်ရုံတရုံမှာ မီးအပြင်းအထန်လောင်ကျွမ်းခဲ့တာဖြစ်ပြီး အဆောက်အအုံတခုလုံး ပျက်စီးသွားသလို ယာဉ်အနည်းဆုံး ၃ စီး ထိခိုက်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ထုန့်စုန်းရဲစခန်းမှ ရဲမှူးကြီး ဆွန်ဖွန်းနီတီဖတ်က ချမိုင်းစည်ပင်နယ်မြေအတွင်း ယုံချာရင် ကုန်လှောင်ရုံ မီးလောင်မှုဖြစ်ပွားနေကြောင်း သန်းခေါင်ယံအချိန်မတိုင်မီ ရဲတပ်ဖွဲ့ဆီ အကြောင်းကြားချက် ရောက်ရှိခဲ့တယ်လို့ ပြောပါတယ်။

အဲဒီနောက် ထုန့်စုန်းစည်ပင်နဲ့ အနီးနား ဒေသန္တရအာဏာပိုင်အဖွဲ့အစည်းတွေက မီးသတ်ကားတွေကို အခင်းဖြစ်ပွားရာနေရာဆီ ချက်ချင်းစေလွှတ်ခဲ့ပြီး မီးသတ်သမားတွေ ရောက်ရှိချိန်မှာတော့ ကုန်လှောင်ရုံတခုလုံးမှာ မီးဟုန်းဟုန်းတောက်လောင်နေတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

လူသုံးကုန်ပစ္စည်း အမြောက်အမြား သိုလှောင်ထာတဲ့ အဆိုပါအဆောက်အအုံအတွင်း မီးက အရှိန်အဟုန်နဲ့ ကူးစက်ပျံ့နှံ့နေတာကြောင့် မီးသတ်တပ်ဖွဲ့ဝင်တွေက နာရီပေါင်းများစွာကြာအောင် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ 

ယုံချာရင် ကုန်လှောင်ရုံဟာ လက်ကားလူသုံးကုန်ပစ္စည်းတွေ အဓိကဖြန့်ဖြူးရေး စင်တာတခုဖြစ်ပြီး နေရာဒေသအများအပြားကို နေ့စဉ် ကုန်ပစ္စည်းတွေ ပေးပို့နေတာ ဖြစ််ပြီး မီးမလောင်မီ ညနေပိုင်းက လုပ်ငန်းတွေ ပိတ်သိမ်းခဲ့ချိန်မှာ လျှပ်စစ်စနစ်တွေကိုလည်း ပိတ်ထားခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ အဆောက်အအုံအတွင်းက မီးခိုးတွေ ထွက်လာတာကို တွေ့ရှိခဲ့ကြတာကြောင့် အလုပ်သမားတွေက အရေးပေါ်ဝန်ဆောင်မှုဌာနတွေဆီ  အကြောင်းကြားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ မီးလောင်ရတဲ့ အကြောင်းရင်းကို အတည်မပြုနိုင်သေးပါဘူး။

ကနဦးအကဲဖြတ်ချက်တွေအရတော့ လျှပ်စစ်ဝါယာရှော့ကြောင့် ဖြစ်နိုင်တယ်လို့ ယူဆရပေမဲ့ သက်ဆိုင်ရာက ကုန်လှောင်ရုံပိုင်ရှင်ကို မေးမြန်းစစ်ဆေးသွားမှာ ဖြစ်ကာ မှုခင်းရှာဖွေရေး အရာရှိတွေကလည်း တိကျတဲ့ အကြောင်းရင်းကို သိရှိနိုင်ဖို့ အသေးစိတ် စစ်ဆေးသွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Source: Khaosod 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013