DVB Logo
Home
မြန်မာသတင်း
နောင်ချို၌ ကြံ့ခိုင်ရေးပါတီဝင် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းကြေး အဓမ္မငွေကောက်ခံ
DVB
·
February 8, 2026
နောင်ချို၌ ကြံ့ခိုင်ရေးပါတီဝင် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းကြေး အဓမ္မငွေကောက်ခံ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်က စစ်ဘေးရှောင်ကျေးရွာတွေမှာ စစ်တပ်ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေး ပါတီဝင် အုပ်ချုပ်ရေးမှူးတချို့က စစ်မှုထမ်းကြေးဆိုပြီး အဓမ္မငွေကောက်ခံနေတာကြောင့် ဒေသခံတွေ အခက်အခဲဖြစ်နေပါတယ်။

၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေက သိမ်းယူခဲ့ပါတယ်။

ဒါကြောင့် စစ်တပ်က တန်ပြန်ထိုးစစ်ဆင်ပြီး ၂၀၂၅ ဇူလိုင်လမှာ ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် တိုက်ပွဲအတွင်း စစ်ဘေးရှောင်သွားကြတဲ့ ပြည်သူတွေမှာ မိမိရပ်ရွာကို ပြန်လာနေထိုင်ကြတာပါ။

အဲဒီလို ပြန်လာနေထိုင်တဲ့ ကျေးရွာအုပ်စုတွေထဲက တချို့အုပ်စုတွေမှာ ကြံ့ခိုင်ရေးပါတီဝင် အုပ်ချုပ်ရေးမှူးတချို့က စစ်မှုထမ်းကြေးဆိုပြီး အဓမ္မငွေကောက်ခံနေတာကြောင့် အခက်အခဲဖြစ်နေတယ်လို့  ဒေသခံတယောက်က ပြောပါတယ်။

နောင်ချိုမြို့နယ်ဟာ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်နဲ့ ထိစပ်နေတာပါ။ နောင်ချိုနဲ့ ထိစပ်နေတဲ့ ပြင်ဦးလွင်မြို့နယ်ထဲက ကျေးရွာတွေမှာလည်း ရွာတရွာကို စစ်မှုထမ်း ၃ ယောက်နှုန်း ကောက်နေတာတွေရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ဖေဖဝါရီ ၁၀ မှာ အတည်ပြု အသက်သွင်းခဲ့တာမှာ အခုဆို ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ တပ်သားသစ်စုဆောင်းတာ အပါတ်စဉ် ၁၂ ထိရှိလာပါပြီ။

အဲဒီဥပဒေကို အလွဲသုံးစားလုပ်ပြီး စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့တွေ ပျူစောထီးတွေနဲ့ ပြည်ခိုင်ဖြိုးပါတီဝင် တချို့က မိမိနယ်မြေအတွင်းမှာ အဓမ္မငွေကြေး ကောက်ခံတာနဲ့ လူငယ်တွေကို ဖမ်းဆီးကာ စစ်သင်တန်းပို့တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ကိုယ်တွေ့ကြုံသူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013