DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် တလအတွင်း ရခိုင်တိုင်းရင်းသား ၂၇ ဦး ဖမ်းဆီးခံရ
DVB
·
February 7, 2026
ဧရာဝတီတိုင်းတွင် တလအတွင်း ရခိုင်တိုင်းရင်းသား ၂၇ ဦး ဖမ်းဆီးခံရ
Donate to DVB

ပြီးခဲ့တဲ့ တလအတွင်း ဧရာဝတီတိုင်းကို ရောက်နေတဲ့ ရခိုင်တိုင်းရင်းသား ၂၇ ယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့တွေက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲဖြစ်နေတာနဲ့ တခြားအကြောင်းအမျိုးမျိုးကြောင့် ဧရာဝတီတိုင်းထဲကို ရောက်ရှိလာတဲ့ ရခိုင်တိုင်းရင်းသားတွေထဲက အမျိုးသား ၂၂ အယောက်နဲ့ အမျိုးသမီး ၅ ယောက်ကို အာရက္ခတပ်တော် (AA) နဲ့ ဆက်နွှယ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဇန်နဝါရီ ၁ ရက်ကနေ ၃၁ ရက်အတွင်း ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက “AA နဲ့ အဆက်အသွယ်ရှိတယ်၊ AA ကြားခံသတင်းပေး လုပ်နေသူတွေဆိုပြီး ဖမ်းဆီးခဲ့တာ။ အဖမ်းခံရသူတွေက စစ်ရှောင် အရပ်သား ရခိုင်တိုင်းရင်းသားတွေလို့ သိရပါတယ်” လို့ ပြောပါတယ်။

အဖမ်းခံခဲ့ရတဲ့သူတွေထဲမှာ  ငရုတ်ကောင်းမြို့က ၄ ယောက်၊ ငပုတောမြို့နယ်က ၃ ယောက်၊ ဟိုင်းကြီးကျွန်းမြို့က ၆ ယောက်၊ ရွှေသောင်ယံမြို့က ၄ ယောက်၊ ငါးသိုင်းချောင်းမြို့က ၃ ယောက်၊ ရေကြည်မြို့နယ်က ၃ ယောက်၊ လေးမျက်နှာမြို့နယ်က ၄ ယောက် စသဖြင့် ပါဝင်ပြီး ရဲစခန်းတွေမှာ ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်အရေး ကူညီပေးသူတယောက်က “အမျိုးသမီး ၅ ယောက်လောက် ပါတယ်။ အားလုံးက စစ်ဘေးရှောင်တွေပါ။ ဒီဘက်က မိသားစုတွေဆီ စစ်ရှောင်ဆီမှာ လာနေတာ။ လတ်တလော စစ်ရှောင်လာသူတွေ မဟုတ်ဘူး။ ရောက်နေတာဖြင့် ကြာပါပြီ။ အုပ်ချုပ်ရေးမှူးတွေက သတင်းအမှားတွေပေးလို့ အဖမ်းခံရတာ” လို့ ပြောပါတယ်။

၂၀၂၅ ခုနှစ် သြဂုတ်လကလည်း လေးမျက်နှာမြို့မှာ ရောက်နေတဲ့ ရခိုင်စစ်ဘေးရှောင် တိုင်းရင်းသား ၉ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ဒီနေ့အထိ ပြန်လွှတ်မပေးသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013