DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းစက်ရုံများ၌ အချိန်ပို မတန်တဆခေါ်သည့် ပြဿနာ ပိုဆိုးလာ
DVB
·
February 7, 2026
ပြည်တွင်းစက်ရုံများ၌ အချိန်ပို မတန်တဆခေါ်သည့် ပြဿနာ ပိုဆိုးလာ
Donate to DVB

စက်ရုံတွေကို ခွင့်ပြုထားတဲ့အလုပ်ချိန်ထက် ကျော်လွန်စေခိုင်းရင် အရေးယူမယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက သတိပေးပြီးနောက်ပိုင်း အချိန်ပို မတန်တဆခေါ်တာတွေ ပိုပြီးတွေ့လာရတယ်လို့ ပြည်တွင်းအလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

စစ်ကောင်စီ လက်အောက်မှာရှိတဲ့ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနက စက်ရုံတချို့မှာ ခွင့်ပြုအလုပ်ချိန်ထက် ကျော်လွန်စေခိုင်းတာတွေနဲ့ ပတ်သက်လို့ တိုင်ကြားမှုတွေရှိ နေတဲ့အတွက် စစ်ဆေးအရေးယူသွားမယ်ဆိုပြီး ၂၀၂၅ သြဂုတ်လမှာ သတိပေး ညွှန်ကြားချက် ထုတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ စက်ရုံတချို့မှာ အလုပ်သမားတွေကို အချိန်ပို အဆမတန်ခေါ်ပြီး လုပ်ငန်းလည်ပတ်တာ လျော့မသွားဘဲ လက်ရှိလုပ်ငန်းခွင်တွေမှာ အဓိက ကြုံတွေ့ရတဲ့ ပြဿနာတခုအဖြစ် ရောက်ရှိလာတယ်လို့ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ခေါင်းဆောင်တယောက်က ပြောပါတယ်။

“နေ့စဥ်ရက်ဆက် အချိန်ပိုဆင်းနေတဲ့ အခြေအနေတင်မကဘဲ အောလင်း (ညလုံးပေါက်) တွေ ဆင်းရတဲ့အထိကို ဖြစ်လာတယ်။ လုပ်ငန်းခွင်ပြဿနာတွေထဲမှာ အချိန်ပိုကိစ္စက ပိုများလာတာ တွေ့ရတယ်။”

အချိန်ပို အဆမတန် ခေါ်ယူစေခိုင်းတာနဲ့ပတ်သက်လို့ သတိပေး ညွှန်ကြားချက် ထုတ်ခဲ့ပေမဲ့ မြို့နယ်အလုပ်သမားရုံးတွေက အလုပ်မလုပ်တဲ့အတွက် အခုလို ပြဿနာ ပိုများလာရတာလို့လည်း အထည်ချုပ်စက်ရုံ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တယောက်က ပြောပါတယ်။

“စစ်ဆေးအရေးယူတယ် ဆိုတာလည်း မတွေ့ရဘူး။ အလုပ်သမားတွေက တိုင်လည်း အရေးတယူ ဖြေရှင်းပေးတာ မရှိဘူး။ မတတ်သာလို့ စစ်ဆေးရင်တောင် အလုပ်ရှင် ပြောစကားနဲ့ လမ်းဆုံးသွားတာမျိုး မြင်တွေ့နေရတာ။”

ပြည်တွင်းမှာလည်ပတ်နေတဲ့ စက်ရုံတွေအနေနဲ့ အခြေခံလုပ်ခကို ချိုးနှိမ်ထားပြီး အချိန်ပိုဆင်းမှ ဖူလုံမှုရှိစေမဲ့ အခြေအနေ ဖန်တီးထားသလို အချိန်ပိုမဆင်းရင် ရက်မှန်ကြေးဖြတ်တာ၊ အလုပ်ထုတ်တာမျိုးနဲ့ အကျပ်ကိုင်ခံထားရတယ်လို့ စက်ရုံလုပ်သားတွေက ဆိုပါတယ်။

မြန်မာနိုင်ငံက တည်ဆဲအလုပ်သမားဥပဒေနဲ့ ညွှန်ကြားချက်တွေအရ စက်ရုံတွေကို တနင်္လာနေ့ကနေ သောကြာနေ့အထိ တရက်ကို အချိန်ပို ၃ နာရီနဲ့ စနေနေ့မှာ ၅ နာရီပဲ အချိန်ပိုခေါ်ခွင့်ပေးထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် အလုပ်သမားတွေကို တပတ်မှာ ၄၄ နာရီထက်ပိုပြီး အလုပ်စေခိုင်းခွင့် မရှိဘူးလို့ သတ်မှတ်ထားသလို အလုပ်သမားရဲ့ သဘောတူညီချက်ရမှ အချိန်ပိုခေါ်လို့ရမယ်ဆိုပြီး စက်ရုံတွေကို ညွှန်ကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013