
အမေရိကန်နဲ့ ဗြိတိသျှ ဗာဂျင်ကျွန်းစုက ခွေးဂေဟာပေါင်း ၇၂ ခုက ခွေးအကောင် ၁၅၀ ပါဝင်ယှဉ်ပြိုင်မဲ့ ၂၂ ကြိမ်မြောက် Puppy Bowl ပြိုင်ပွဲကို ဖေဖော်ဝါရီ ၈ ရက်နေ့ ကျင်းပမှာဖြစ်ပါတယ်။
ဂေဟာတွေက ခွေးကလေးတွေကို မွေးစားကြဖို့ နှိုးဆော်တဲ့အနေနဲ့ နှစ်စဉ်ကျင်းပတဲ့ပွဲမှာ ဒီနှစ်မှာတော့ အကောင်အရေအတွက် စံချိန်တင် ဝင်ပြိုင်ကြတာ ဖြစ်ပါတယ်။
၃ နာရီကြာမြင့်မဲ့ ဒီအစီအစဉ်မှာ Team Ruff နဲ့ လက်ရှိချန်ပီယံ Team Fluff တို့ အကြိတ်အနယ် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ဒိုင်လူကြီး ဒန်ရှက်ခ်နာကတော့ ၁၅ နှစ်ဆက်တိုက် တာဝန်ယူမှာ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ သက်ကြီးခွေး ၁၅ ကောင် ပါဝင်တဲ့ Team Oldies နဲ့ Team Goldies တို့ရဲ့ ပွဲစဉ်ကိုလည်း ထူးထူးခြားခြား ထည့်ထားပါတယ်။
ပြိုင်ပွဲကို Animal Planet၊ Discovery အပါအဝင် ရုပ်သံလိုင်းတွေကနေ တိုက်ရိုက်ထုတ်လွှင့်သွားမှာပါ။
အစီအစဉ်အဆုံးမှာတော့ အနိုင်ရတဲ့အသင်းကို “Lombarky” ဆုဖလား ပေးအပ်သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် တန်ဖိုးအရှိဆုံး ကစားသမားဆု (MVP) နဲ့ Underdog ဆုတွေကိုလည်း ရွေးချယ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။
Source: Reuters











