DVB Logo
Home
မြန်မာသတင်း
ကော့သောင်းတွင် ခွေးအကောင် ၇၀၀ ကျော်ကို ခွေးရူးကာကွယ်ဆေး အခမဲ့ထိုးနှံပေး
DVB
·
September 28, 2019
ကော့သောင်းတွင် ခွေးအကောင် ၇၀၀ ကျော်ကို ခွေးရူးကာကွယ်ဆေး အခမဲ့ထိုးနှံပေး
Donate to DVB

ဒီနေ့ကျရောက်တဲ့ ၁၃ ကြိမ်မြောက် ‌ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အဖြစ် တနင်္သာရီတိုင်း ကော့သောင်းမြို့မှာ ခွေးအကောင် ၇၀၀ ကျော်ကို ခွေးရူးကာကွယ်ဆေး အခမဲ့ထိုးနှံပေးခဲ့တယ်လို့ သိရပါတယ်။

‌ကော့သောင်းမြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက စက်တင်ဘာလ ၂၈ ရက်နေ့မှာ ကော့သောင်းမြို့ အဝိုင်းပတ်ရှိ အများပြည်သူနားနေဆောင်မှာ အိမ်မွေးခွေးနဲ့ ကြောင်တွေကို ‌ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခဲ့တာပါ။

ကော့သောင်းမြို့မှာရှိတဲ့ ခွေးလေခွေးလွင့်နဲ့ အိမ်မွေးခွေး စုစုပေါင်း ၇၁၀ တိတိကို ထိုးနှံသွားမှာဖြစ်ပါတယ်။

လက်ရှိဆောင်ပုဒ်ဖြစ်တဲ့ ခွေးရူးရောဂါကင်းစင်ဖို့ ကာကွယ်ဆေးထိုးကြစို့ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ၂၀၃၀ မှာ ခွေးရူးရောဂါ ကင်းစင်ဖို့အတွက် ရည်ရွယ်ပြုလုပ်တာလို့ မွေးမြူရေးနှင့်ကုသရေးမြိုနယ်ဦးစီးမှူး ဒေါက်တာနိုင်လင်းထွဋ်က ပြောပါတယ်။

ဆေးထိုးနှံပေးခြင်းကို ကော့သောင်းခရိုင် ဖုန်းလုပ်ငန်းရှင်အသင်းနဲ့ တိရစ္ဆာန်ချစ်သူများအသင်းတို့က လိုအပ်တဲ့ ဆေးနဲ့တခြားအကူအညီတွေကို ပံ့ပိုးပေးခဲ့တယ်လို့ သိရပါတယ်။

ကော့သောင်းမြို့မှာ အိမ်မွေးခွေးနဲ့ ခွေးလေခွေလွင့်စုစုပေါင်း အကောင်ရေ ၆၀၀၀ လောက်ရှိတယ်လို့ သိရပါတယ်။

~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ေကာ့ေသာင္းတြင္ ေခြးအေကာင္ ၇၀၀ ေက်ာ္ကို ေခြး႐ူးကာကြယ္ေဆး အခမဲ့ထိုးႏွံေပး

ဒီေန႔က်ေရာက္တဲ့ ၁၃ ႀကိမ္ေျမာက္ ‌ေခြး႐ူးေရာဂါကာကြယ္တိုက္ဖ်က္ေရးေန႔အျဖစ္ တနသၤာရီတိုင္း ေကာ့ေသာင္းၿမိဳ႕မွာ ေခြးအေကာင္ ၇၀၀ ေက်ာ္ကို ေခြး႐ူးကာကြယ္ေဆး အခမဲ့ထိုးႏွံေပးခဲ့တယ္လို႔ သိရပါတယ္။

‌ေကာ့ေသာင္း ၿမိဳ႕ ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနက စက္တင္ဘာလ ၂၈ ရက္ေန႔မွာ ေကာ့ေသာင္းၿမိဳ႕ အဝိုင္းပတ္ရွိ အမ်ားျပည္သူနားေနေဆာင္မွာ အိမ္ေမြးေခြးနဲ႔ ေၾကာင္ေတြကို ‌ေခြး႐ူးေရာဂါကာကြယ္ေဆး အခမဲ့ ထိုးႏွံေပးခဲ့တာပါ။

ေကာ့ေသာင္းၿမိဳ႕မွာရွိတဲ့ ေခြးေလေခြးလြင့္နဲ႔ အိမ္ေမြးေခြး စုစုေပါင္း ၇၁၀ တိတိကို ထိုးႏွံသြားမွာျဖစ္ပါတယ္။

လက္ရွိေဆာင္ပုဒ္ျဖစ္တဲ့ ေခြး႐ူးေရာဂါကင္းစင္ဖို႔ ကာကြယ္ေဆးထိုးၾကစို႔ဆိုတဲ့ ေဆာင္ပုဒ္အတိုင္း ၂၀၃၀ မွာ ေခြး႐ူးေရာဂါ ကင္းစင္ဖို႔အတြက္ ရည္႐ြယ္ျပဳလုပ္တာလို႔ ေမြးျမဴေရးႏွင့္ကုသေရးၿမိဳနယ္ဦးစီးမႉး ေဒါက္တာႏိုင္လင္းထြဋ္က ေျပာပါတယ္။

ေဆးထိုးႏွံေပးျခင္းကို ေကာ့ေသာင္းခ႐ိုင္ ဖုန္းလုပ္ငန္းရွင္အသင္းနဲ႔ တိရစာၦန္ခ်စ္သူမ်ားအသင္းတို႔က လိုအပ္တဲ့ ေဆးနဲ႔တျခားအကူအညီေတြကို ပံ့ပိုးေပးခဲ့တယ္လို႔ သိရပါတယ္။

ေကာ့ေသာင္းၿမိဳ႕မွာ အိမ္ေမြးေခြးနဲ႔ ေခြးေလေခြလြင့္စုစုေပါင္း အေကာင္ေရ ၆၀၀၀ ေလာက္ရွိတယ္လို႔ သိရပါတယ္။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013