DVB Logo
Home
အားကစား
ကတ်စမီရိုကို ခေါ်ယူရန် အမေရိကန်မေဂျာလိဂ်ကလပ်များ စိတ်ဝင်စား
DVB
·
February 5, 2026
ကတ်စမီရိုကို ခေါ်ယူရန် အမေရိကန်မေဂျာလိဂ်ကလပ်များ စိတ်ဝင်စား
Donate to DVB

မန်ယူနိုက်တက်ကွင်းလယ်လူ ကတ်စမီရိုကိုခေါ်ယူဖို့ အမေရိကန်မေဂျာလိဂ်ကလပ်တွေက အပြိုင် အဆိုင် စိတ်ဝင်စားနေကြပါတယ်။

ဘရာဇီးကွင်းလယ်လူဟာ အခုနှစ်ရာသီအကုန်မှာ အသင်းနဲ့ လမ်းခွဲမှာဖြစ်ကြောင်း တရားဝင်ကြေညာထားတာပါ။ 

အသက် ၃၃ နှစ်ရှိ ဘရာဇီးသားဟာ အခုနှစ်ရာ သီပြိုင်ပွဲစုံမှာ ၄ ဂိုးသွင်းထားပြီး ခြေစွမ်းပြသနေပေမဲ့ အသင်းဘက်ကလည်း သူ့ရဲ့မြင့်မားတဲ့ လုပ်ခလစာကြောင့် ရာသီအကုန်မှာ ထွက်ခွါခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။

ကတ်စမီရိုကိုခေါ်ယူဖို့ ဆော်ဒီကလပ်တွေကလည်း စိတ်ဝင်စားနေသည့်တိုင် မေဂျာလိဂ်ကလပ်တွေဆီပြောင်းရွှေ့ဖို့ အခွင့်အလမ်းများကြောင်း သုံးသပ်ကြပါတယ်။

ကတ်စမီရိုပြောင်းရွှေ့နိုင်တဲ့ မေဂျာလိဂ်အသင်း ၅ သင်းအထိရှိနေပြီး ဆန်ဒီယေဂို၊ နယူးယော့ခ်စီးတီး၊ ကိုလံဘတ်ခရူး၊ အော့စ်တင်နဲ့ အယ်လ်အေဂလက်ဆီ အသင်းတို့ ပါဝင်နေပါတယ်။ 

Photo: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013