DVB Logo
Home
အားကစား
ရာသီအကုန်တွင် မန်ယူအသင်းမှ ထွက်ခွာမည်ဟု ကတ်စမီရို ကြေညာ
DVB
·
January 23, 2026
ရာသီအကုန်တွင် မန်ယူအသင်းမှ ထွက်ခွာမည်ဟု ကတ်စမီရို ကြေညာ
Donate to DVB

လက်ရှိဘောလုံးရာသီကုန်ဆုံးရင် မန်ချက်စတာယူနိုက်တက်ကနေ ထွက်ခွာတော့မယ်လို့ ကွင်းလယ်လူ ကတ်စမီရိုက သူ့ရဲ့ လူမှုကွန်ရက်မှာ ကြေညာလိုက်ပါတယ်။

ကျန်တဲ့ ၄ လတာ သက်တမ်းမှာ အသင်းအတွက် အစွမ်းကုန်ကစားသွားမယ်လို့ အသက် ၃၃ နှစ်အရွယ် ဘရာဇီးကွင်းလယ်လူက ကတိပြုထားပါတယ်။

ကတ်စမီရိုဟာ  ၂၀၂၂ ခုနှစ်က ရီးရဲလ်မက်ဒရစ်ကနေ မန်ယူအသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီး ပွဲပေါင်း ၁၄၆ ပွဲကစားကာ ၂၁ ဂိုး သွင်းယူပေးထားသလို မန်ယူအသင်းနဲ့အတူ ခါရာဘောင်ဖလား၊ FA ဖလားတွေ ယူနိုင်ခဲ့ပါတယ်။

ကတ်စမီရိုက “ဘဝရဲ့ အခန်းကဏ္ဍတခု ဘယ်အချိန်မှာ ပြီးဆုံးမလဲဆိုတာ သိနားလည်ဖို့ လိုပါတယ်။ ကိုယ့်ကို အမြဲတမ်း အမှတ်ရနေမယ်၊ လေးစားနေကြမယ်လို့ ခံစားရတဲ့အချိန်မှာ နှုတ်ဆက်ရတာဟာ အကောင်းဆုံးပါပဲ” လို့ ယူနိုက်တက်ပရိသတ်တွေကို နှုတ်ဆက်စာအဖြစ် သူ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

လက်ရှိမှာတော့ မန်ယူကနေ ထွက်ခွာပြီးရင် သူ ဘယ်အသင်းကို ပြောင်းမယ်ဆိုတာတော့ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013