DVB Logo
Home
အားကစား
ကတ်စမီရိုကို ခေါ်ယူပေးရန် အယ်လ်နာဆာအသင်းကို စီရော်နယ်ဒို တောင်းဆို
DVB
·
January 9, 2025
ကတ်စမီရိုကို ခေါ်ယူပေးရန် အယ်လ်နာဆာအသင်းကို စီရော်နယ်ဒို တောင်းဆို
Donate to DVB

တိုက်စစ်မှူး စီရော်နယ်ဒိုဟာ မန်ယူကွင်းလယ်လူ ကတ်စမီရိုကို ခေါ်ယူပေးဖို့ အယ်လ်နာဆာ အသင်းကို တောင်းဆိုလိုက် ပါတယ်။ 

ရော်နယ်ဒိုနဲ့ ကတ်စမီရိုတို့ဟာ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်မှာ တွဲဖက်ကစားခဲ့ကြသူတွေဖြစ်ပြီး စုစုပေါင်း ဆုဖလား ၁၂ လုံးရယူနိုင်ခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့ ၆ လ သက်တမ်းသာ ကျန်ရှိတော့ပေမဲ့ ကတ်စမီရိုကို ခေါ်ယူဖို့ အသင်းကိုတိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

စပိန်သတင်းစာ မာကာကတော့ အမေရိကန်မေဂျာလိဂ်ဆီပြောင်းရွှေ့တာက စီရော်နယ်ဒိုအတွက် အချိန်ကောင်းအခါကောင်းဖြစ်ပြီး ပီလီ၊ မက်ဆီတို့ရဲ့ ခြေရာအတိုင်း လိုက်ပါသင့်ကြောင်း ဖော်ပြပါတယ်။

ကတ်စမီရိုကို တခြားဆော်ဒီကလပ်တွေကလည်းခေါ်ယူလိုနေပြီး အယ်နာဆာအသင်းအနေနဲ့ ပြိုင်ဘက်တွေထက် လက်ဦးမှုရယူပြီး ခေါ်ယူဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ 

Photo: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013