
မန်ယူနောက်ခံလူဟောင်း ဘရန်ဒမ်ဝီလီယံကို ချန်ပီယံရှစ်ကလပ် ဟူးလ်စီးတီးအသင်းက စာချုပ်ဖျက်သိမ်းလိုက်ပါတယ်။
အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ နောက်ခံလူဟာ တချိန်က မန်ယူနိုက်တက်မှာ ထွန်းတောက်လာမဲ့သူ အဖြစ် သတ်မှတ်ခံခဲ့ရပေမဲ့ လက်ရှိအချိန်မှာတော့ အသင်းလက်မဲ့ ဖြစ်လာခဲ့တာပါ။
ဝီလီယံဟာ ၂၀၂၅ ခုနှစ်က သတ်မှတ်အမြန်နှုန်းထက် အမြန်မောင်းနှင်ပြီး ကားမတော်တဆမှု ဖြစ်ခဲ့တာကြောင့် ဆိုင်းငံ့ထောင်ဒဏ် ၁၄ လ ကျခံထားရပါတယ်။
အင်္ဂလန်ကစားသမားဟာ ၂၀၁၉-၂၀၂၀ ရာသီမှာ ၃၆ ပွဲအထိ ကစားပြီး ပုံမှန်ပွဲထွက်ခွင့် ရရှိခဲ့ပေမဲ့ အဲဒီနောက်ပိုင်းနှစ်တွေမှာ နောဝစ်ချ်နဲ့ အစ်ဆွစ်အသင်းတွေမှာ အငှားထွက်ကစားခဲ့ပြီး ၂၀၂၅ ခုနှစ်က ဟူးလ်စီးတီးဆီ ပြောင်းရွှေ့ခဲ့တာပါ။
ဟူးလ်စီးတီးမှာ တပွဲသာ ကစားခွင့်ရခဲ့တာကြောင့် နှစ်ဖက်ညှိနှိုင်းကာ စာချုပ်ဖျက်သိမ်းသွားခဲ့တာ ဖြစ်ပါတယ်။










