DVB Logo
Home
နိုင်ငံတကာ
အမေရိကန်၌ ဆောင်းမုန်တိုင်းကြောင့် သေဆုံးသူ ၁၀၀ ကျော်ရှိလာ
DVB
·
February 2, 2026
အမေရိကန်၌ ဆောင်းမုန်တိုင်းကြောင့် သေဆုံးသူ ၁၀၀ ကျော်ရှိလာ
Donate to DVB

အမေရိကန်နိုင်ငံရဲ့ အရှေ့ပိုင်း ၃ ပုံ ၂ ပုံ ဒေသတွေကို ဇန်နဝါရီ ၂၄ ရက်ကနေ ၂၆ ရက်အတွင်း သမိုင်းဝင် ဆောင်းရာသီမုန်တိုင်းတခု တိုက်ခတ်ပြီးတဲ့နောက် ပြည်နယ် ၂၀ ကျော်မှာ သေဆုံးသူ အယောက် ၁၀၀ ကျော်လာပြီလို့ ပြည်နယ်အရာရှိတွေကို ကိုးကားပြီး နိုင်ငံတကာ သတင်းဌာနတွေမှာ ဖော်ပြပါတယ်။

၂၀၂၁ ခုနှစ် တက္ကဆက်ပြည်နယ် လျှပ်စစ်ဓာတ်အား အကျပ်အတည်းနောက်ပိုင်းမှာ ဒီမုန်တိုင်းဟာ အသေအပျောက် အများဆုံးဖြစ်ပြီး နိုင်ငံတဝန်းမှာ မုန်တိုင်းတွေကြောင့် လူ ၂၅၀ နီးပါး သေဆုံးခဲ့ပြီးပါပြီ။

ဒါကြောင့် ဒီနှစ်ဟာ ၂၀၂၂ ခုနှစ်တုန်းက ဘတ်ဖဲလိုးနှင်းမုန်တိုင်းအတွင်း သေဆုံးသူဦးရေကို ကျော်လွန်သွားခဲ့ပါတယ်။

ဇန်နဝါရီ ၂၃ ရက်မှာ မြောက်အမေရိကကို စပြီး တိုက်ခတ်ခဲ့တဲ့ ဆောင်းရာသီမုန်တိုင်းကြီးကြောင့် အမေရိကန်ပြည်ထောင်စုတဝန်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ၊ အရှေ့ဘက်ကမ်းရိုးတန်း အတွက် ပြင်းထန်တဲ့ ရာသီဥတုခန့်မှန်းချက် အသစ်တွေကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အဟန့်အတား ဖြစ်စေခဲ့ပါတယ်။

စနေနေ့ညအထိ အိမ်ထောင်စု ၁၇၀,၀၀၀ ကျော် လျှပ်စစ်ဓာတ်အား ပြတ်တောက်နေခဲ့ပြီး အိုးမဲ့အိမ်မဲ့ ထောင်ပေါင်းများစွာ အပါအဝင် အားနည်းတဲ့လူတွေဟာ အသက်အန္တရာယ်ရှိတဲ့ အအေးဒဏ်ကနေ ခိုလှုံစရာရှာဖို့ ရုန်းကန်နေရပါတယ်။

စနေနေ့က နိုင်ငံရဲ့ အရှေ့တောင်ပိုင်းမှာ မုန်တိုင်းက ပိုပြင်းထန်လာပြီး မြောက်ကယ်ရိုလိုင်းနား၊ ဂျော်ဂျီယာနဲ့ တောင်ကယ်ရိုလိုင်းနား ပြည်နယ်တွေမှာ နှင်းမုန်တိုင်းတွေ တိုက်ခတ်ခဲ့ပါတယ်။

မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ  လေထုအပူချိန်က အနုတ် ၁၀ ဒီဂရီစင်တီဂရိတ်လောက်အထိ ကျဆင်းသွားခဲ့ပြီး စခန်းချရာနေရာတွေ၊ ကမ်းခြေတွေ၊ အဓိက အမြန်လမ်းမကြီးတွေရဲ့ အစိတ်အပိုင်းတွေကို ပိတ်ပစ်ခဲ့ရပါတယ်။

အမေရိကန် အမျိုးသားရာသီဥတုဌာနက အအေးဒဏ်ကို အလွန်ရှားပါးတဲ့ အခြေအနေအဖြစ် ဖော်ပြခဲ့ပြီး ဒေသအများအပြားမှာ စံချိန်တင် အပူချိန်နိမ့်ကျမှုကို မှတ်တမ်းတင်ခဲ့ရတယ်လို့ ထောက်ပြခဲ့ပါတယ်။

ဖလော်ရီဒါပြည်နယ် တောင်ပိုင်းမှာ လာမဲ့ရက်တွေအတွင်း ၁၉၈၉ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးအပူချိန်ကို ကြုံတွေ့ရနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

အရှေ့ဘက်ကမ်းရိုးတန်းဟာ နောက်ထပ် ဆောင်းရာသီ မုန်တိုင်းကြီးတခုအတွက် အသင့်ဖြစ်နေပြီလို့ မိုးလေဝသပညာရှင်တွေက သတိပေးထားပြီး ဂျော်ဂျီယာ၊ တန်နက်ဆီ၊ ကင်တပ်ကီနဲ့ တခြားပြည်နယ် အများအပြားအတွက် နှင်းမုန်တိုင်းသတိပေးချက်တွေကို အမျိုးသားရာသီဥတုဌာနက ထုတ်ပြန်ထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013