DVB Logo
Home
နိုင်ငံတကာ
ဆမ်ဆောင်းကုမ္ပဏီ အမြတ်ငွေ ၃ ဆတိုးလာပြီး  AI ၀ယ်လိုအား မြင့်မားလာ
DVB
·
January 30, 2026
ဆမ်ဆောင်းကုမ္ပဏီ အမြတ်ငွေ ၃ ဆတိုးလာပြီး  AI ၀ယ်လိုအား မြင့်မားလာ
Donate to DVB

တောင်ကိုရီးယား ဆမ်ဆောင်း အီလက်ထရောနစ် ကုမ္ပဏီဟာ ဇန်နဝါရီ ၂၉ ရက်မှာ လည်ပတ်မှုအမြတ်ငွေက စတုတ္ထ ၃ လပတ်အတွင်း စံချိန်တင်မြင့်တက်ခဲ့ပါတယ်။

ဉာဏ်ရည်တုတည်ဆောက်ဖို့ ပြိုင်ဆိုင်မှုဟာ ချစ်ပ်ထောက်ပံ့မှုကို ထိခိုက်စေပြီး ဈေးနှုန်းတွေကို မြှင့်တင်ပေးခဲ့လို့ ချစ်ပ်ဝယ်လိုအား မြင့်လာမယ်လို့လည်း ခန့်မှန်းထားပါတယ်။

ရလဒ်တွေက ကမ္ဘာ့ထိပ်တန်း မှတ်ဉာဏ်ချစ်ပ်ထုတ်လုပ်သူ ဆမ်ဆောင်းရဲ့ ခိုင်မာတဲ့ ဈေးနှုန်းသတ်မှတ် နိုင်စွမ်းကို ပေါ်လွင်စေပြီး အခုနှစ်ထဲမှာ အမြတ်အစွန်းတိုးတက်မှု မြန်ဆန်လာမယ်လို့ မျှော်လင့်နေကြပါတယ်။

၂၀၂၆ ခုနှစ် ပထမ ၃ လပတ်မှာ "လက်ရှိ AI တိုးတက်မှုက စက်မှုလုပ်ငန်းတလျှောက် ကောင်းမွန်တဲ့ ဈေးကွက် အခြေအနေတွေကို ဆက်မောင်းနှင်လည်ပတ်နေဖို့ မျှော်လင့်ရတယ်”လို့ ဆမ်ဆောင်းက ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ မှတ်ဉာဏ်ချစ်ပ်ဈေးနှုန်းတွေ မြင့်တက်လာတာဟာ စမတ်ဖုန်းနဲ့ အီလက်ထရောနစ် မျက်နှာပြင်တွေကို ဒီဇိုင်းဆွဲ၊ ထုတ်လုပ် အသုံးချတဲ့ လုပ်ငန်းအပေါ် ဖိအားပေးနေပြီး ကမ္ဘာလုံး ဆိုင်ရာ အခွန်အခတွေလို တခြားအန္တရာယ်တွေ ရှိနေတယ်လို့ သတိပေးခဲ့ပါတယ်။

တောင် ကိုရီးယားကုမ္ပဏီဆမ်ဆောင်းဟာ အောက်တိုဘာလကနေ ဒီဇင်ဘာလအထိ လည်ပတ်မှု အမြတ်ငွေ ဝမ် ၂၀ ထရီလီယံ (ဒေါ်လာ ၁၃ ဒသမ ၉၈ ဘီလီယံ) ရရှိခဲ့ပြီး ဝမ် ၂၀ ထရီလီယံ ခန့်မှန်းချက်နဲ့ ကိုက်ညီနေတာပါ။

မနှစ်က အမြတ်ငွေ ဝမ် ၆ ဒသမ ၄၉ ထရီလီယံကနေ မြင့်တက်လာတာလည်း ဖြစ်ပါတယ်။ ဆမ်ဆောင်းဟာ ၃ လပတ် အတွင်း ဝင်ငွေ ၉၃ ဒသမ ၈ ထရီလီယံ ဝမ် ရခဲ့ပြီး မနှစ်ကထက် ၂၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။

ဆမ်ဆောင်းရဲ့ အဓိကဝင်ငွေ ရှာပေးသူ ချစ်ပ်လုပ်ငန်းမှာ လည်ပတ်မှုအမြတ်ငွေဟာ မနှစ်ကထက် စတုတ္ထ ၃ လပတ်မှာ စံချိန်တင် ၁၆ ဒသမ ၄ ထရီလီယံ ဝမ်နဲ့ ၄၇၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။

ချစ်ပ်ဈေးနှုန်းတွေ မြင့်တက်လာလို့ ဖိအားပေးခံနေရတဲ့ မိုဘိုင်းဖုန်းလုပ်ငန်းမှာ အမြတ်ငွေ ၁ ဒသမ ၉ ထရီလျံ ဝမ်အထိ ကျဆင်းသွားခဲ့ပါတယ်။ 

ဆမ်ဆောင်းက သူ့ရဲ့ မိုဘိုင်းလုပ်ငန်းဟာ အခုနှစ်ထဲမှာ ကုန်ကျစရိတ်ဖိအားတွေ မြင့်တက်လာဖို့ မျှော်လင့်ရတယ်လို့လည်း ပြောပါတယ်။

ချစ်ပ်ပြတ်လပ်မှုဟာ "မကြုံစဖူး" အဆင့်ပဲလို့ ပြောခဲ့ပြီး ဈေးနှုန်းတွေ မြှင့်တင်တာကို မငြင်းဘူးလို့ ဆမ်ဆောင်းရဲ့ ပူးတွဲအမှုဆောင်အရာရှိချုပ် တီအမ်ရိုက ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013