DVB Logo
Home
နိုင်ငံတကာ
ပီရူးနိုင်ငံ၏ အလိုအရှိဆုံး ရာဇဝတ်ဂိုဏ်းခေါင်းဆောင်ကို ပါရာဂွေး လွှဲပေး
DVB
·
January 30, 2026
ပီရူးနိုင်ငံ၏ အလိုအရှိဆုံး ရာဇဝတ်ဂိုဏ်းခေါင်းဆောင်ကို ပါရာဂွေး လွှဲပေး
Donate to DVB

ပီရူးနိုင်ငံရဲ့  အလိုရှိဆုံး ရာဇဝတ်သားတယောက်ဖြစ်တဲ့ အလ်မွန်စထရူယို (နဂါးကြီး) လို့ လူသိများတဲ့ အဲရစ်ခ်မော်ရေနိုကို ရာဇဝတ်ဂိုဏ်းဦးဆောင်မှု အပါအဝင် ပြစ်မှုတွေကို တရားရင်ဆိုင်ဖို့ ဇန်နဝါရီ ၂၈ ရက်က  လီမာကို လွှဲပြောင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ပီရူးနဲ့ပါရာဂွေး ၂ နိုင်ငံစလုံးမှ လုံခြုံရေးအေးဂျင့်တွေ ပူးပေါင်းဆောင်ရွက်တဲ့ စစ်ဆင်ရေးအတွင်း အသက် ၃၄ နှစ်အရွယ် မော်ရေနိုကို ပါရာဂွေးနိုင်ငံ ဆန်လိုရန်ဇိုဒေသမှာ ဖမ်းဆီးခဲ့ကြောင်း ပီရူးတရားရေးဝန်ကြီး ဝေါလ်တာမာတီနက်ဇ်က ပြောပါတယ်။

မော်ရေနိုဟာ ပြန်ပေးဆွဲမှုနဲ့ လုယက်မှုတို့အတွက် ထောင်ဒဏ် ၃၂ နှစ် ချမှတ်ခံရပြီးနောက် လွန်ခဲ့တဲ့ ၂ နှစ်ကျော် က ပီရူးနိုင်ငံရဲ့ အလိုအရှိဆုံးစာရင်းမှာ ပါဝင်နေခဲ့ပါတယ်။

အခုခါမှာလည်း မူးယစ်ဆေးဝါးကုန်ကူးမှု၊  ငွေညှစ်မှုနဲ့ လော့စ် အင်ဟာတိုစ် ဒလ်ကိုးနိုးနော်တေ အမည်ရှိတဲ့ ရာဇဝတ်ဂိုဏ်းကို ဦးဆောင်သူအဖြစ် ပြစ်မှုအသစ်တွေနဲ့ ထပ်မံစွဲချက်တင် ခံထားရကြောင်း တရားရေး သတင်းရင်းမြစ်တွေအရ သိရပါတယ်။

မော်ရီနိုကို ပြန်ဖမ်းခေါ်လာချိန်ဟာ ပီရူးနိုင်ငံမှာ လုံခြုံရေးအခြေအနေ ဆိုးရွားလာနေချိန်ဖြစ်ပြီး အစိုးရအနေနဲ့ အငှားလူသတ်ခြင်းနဲ့ ငွေညှစ်မှုတွေ မြင့်တက်လာခြင်းကို နှိမ်နင်းဖို့အတွက် မြို့တော် လီမာနဲ့ တခြားမြို့တွေမှာ အရေးပေါ်အခြေအနေ ကြေညာထားရပါတယ်။

ယာယီသမ္မတ ဟိုဆေးဟယ်ရီကတော့ ၂၀၂၅ ခုနှစ် စတုတ္ထ ၃ လပတ်မှာ လူသတ်မှုနှုန်း လျော့နည်းလာတယ်လို့ ပြောကြားထားပေမဲ့ နိုင်ငံတော်စာရင်းအင်းရုံး (INEI) အဆိုအရ ပီရူးနိုင်ငံရဲ့ လူသတ်မှုနှုန်းဟာ ၂၀၂၄ ခုနှစ်မှာ လူ ၁ သိန်းလျှင် လူသတ်မှုနှုန်း ၁၀ ဒသမ ၁  ယောက် ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်မှာတော့ လူဦးရေ ၁ သိန်းလျှင် ၁၀ ဒသမ ၇ ယောက် အထိ မြင့်တက်လာခဲ့ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013