
ကားမော်ဒယ်ထုတ်လုပ်မှုတွေကို ရပ်တန့်ပြီး စက်ရုပ်နဲ့ AI ပိုင်းကို အာရုံစိုက်မယ်လို့ Tesla က ပြောပါတယ်။
Tesla ဟာ ၂၀၂၅ ခုနှစ်က ဘဏ္ဍာငွေ ၃ ရာခိုင်နှုန်း လျော့ခဲ့သလို နောက်ဆုံး ၃ လမှာလည်း အမြတ် ၆၁ ရာခိုင်နှုန်း ကျဆင်းခဲ့တာပါ။
ဒါ့အပြင် Tesla က မော်ဒယ် S နဲ့ မော်ဒယ် X ထုတ်လုပ်မှုတွေကို ရပ်တန့်မဲ့ အစီအစဉ် ရှိတယ်လို့လည်း ကြေညာထားပါတယ်။
ကားထုတ်လုပ်မှုတွေကို ရပ်တန့်ပြီး ကယ်လီဖိုးနီးယားမှာရှိတဲ့ ကားထုတ်လုပ်တဲ့စက်ရုံကို Optimus လို့ အသိများတဲ့ လူသားစက်ရုပ်တွေ ထုတ်လုပ်မှာ ဖြစ်ပါတယ်။
ဇန်နဝါရီလတုန်းက တရုတ်ထုတ် BYD ကားကုမ္ပဏီဟာ ကမ္ဘာ့အကြီးဆုံး EV ကားထုတ်လုပ်သူ ဖြစ်လာပြီးနောက် နိုင်ငံရေးမှာ Tesla စီအီးအို အီလွန်မတ်စ်ခ် ပါဝင်ပတ်သက်မှုနဲ့ ပတ်သက်လို့ အငြင်းပွားစရာ ဖြစ်လာပါတယ်။
Tesla က အီလွန်မတ်စ်ခ်ရဲ့ AI လုပ်ငန်းဖြစ်တဲ့ xAI မှာ ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံမယ်လို့လည်း ထုတ်ဖော်ပြောဆိုထားပါတယ်။
“ရင်းနှီးသူတွေက AI နဲ့ပတ်သက်တဲ့ လုပ်ငန်းတွေလုပ်ဖို့ ပြောထားတာတွေ ရှိပါတယ်။ xAI မှာ ရင်းနှီးမြှုပ်နှံသင့်တယ်လို့ သူတို့က ပြောထားတာကြောင့် ကျနော်တို့ ဒါကို လုပ်ဖို့ပဲရှိပါတယ်” လို့ အီလွန်မတ်စ်ခ်က ပြောပါတယ်။
Tesla ဟာ AI လုပ်ငန်းအတွက် ရင်းနှီးငွေဟာ ဒေါ်လာ ၂ ဘီလီယံဝန်းကျင်အထိ ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။
Tesla ဟာ စက်ရုပ်တက္ကစီတွေ ထုတ်လုပ်ဖို့ကိုလည်း အားစိုက်နေတာ တွေ့ရပါတယ်။ ဒါ့အပြင် Tesla ဟာ နောက်ထပ် စီးပွားရေးနယ်ပယ်သစ်တခုကို AI နဲ့ စက်ရုပ်ထုတ်လုပ်တဲ့ လုပ်ငန်းကို ပြောင်းလဲပြုလုပ်မယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
Source:Reuters










