
နည်းပညာကဏ္ဍ တိုးတက်ကြီးထွားလာတာနဲ့အမျှ စွမ်းအင်ထောက်ပံ့ရေးကိစ္စရပ်က စိန်ခေါ်မှုတခု ဖြစ်လာနေချိန်မှာ Tesla နဲ့ SpaceX ကုမ္ပဏီတို့ရဲ့ အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်ခ်က သူ့ကုမ္ပဏီတွေအနေနဲ့ ဆိုလာစွမ်းအင်ထုတ်လုပ်မှု ပမာဏ ဂစ်ဂါဝပ် ၂၀၀ ရဖို့ ရည်မှန်းထားတယ်လို့ စက်တင်ဘာ ၂၉ ရက်မှာ ပြောလိုက်ပါတယ်။
“အာကာသထဲမှာတော့ နေရောင်ခြည် အမြဲရနိုင်ပါတယ်” လို့ မတ်စ်ခ်က သူ့ရည်မှန်းချက်နဲ့ ပတ်သက်ပြီး ပြောပါတယ်။
ဒ့ါအပြင် မတ်စ်ခ်က Starship အာကာသယာဉ် လွှတ်တင်မှုတွေ အကြောင်းကိုလည်း ပြောခဲ့ပြီး လာမဲ့နှစ်မှာ SpaceX အနေနဲ့ အနည်းဆုံး တပတ်ကို တကြိမ်နှုန်းနဲ့ လွှတ်တင်နိုင်ဖို့ မျှော်လင့် ထားတယ်လို့ ပြောခဲ့ပါတယ်။
Source: Reuters










