DVB Logo
Home
နိုင်ငံတကာ
မောင်းသူမဲ့ ရွှေရောင် ရိုဘော့တက္ကစီ ဩစတင်မြို့၌ စတင်ပြေးဆွဲ
DVB
·
September 4, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ယာဉ်မောင်းမပါတဲ့ လူ ၂ ယောက်စီး ရွှေရောင် ရိုဘော့ တက္ကစီ Cybercab ကို အမေရိကန်နိုင်ငံ ဩစတင်မြို့မှာ Tesla က စက်တင်ဘာ ၃ ရက်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။

စတီယာတိုင်တွေ၊ ခြေနင်းပြားတွေ မပါတဲ့ Cybercab ကို ဩစတင်မြို့ရဲ့ သတ်မှတ်နေရာတွေမှာ စတင်ပြေးဆွဲခဲ့တာ ဖြစ်ပါတယ်။

Tesla ထုတ်ပြန်တဲ့ ဗွီဒီယိုထဲမှာတော့ ဒီ ရွှေရောင် မောင်းသူမဲ့ တက္ကစီရဲ့ တံခါးပေါက်တွေကလည်း လိပ်ပြာပုံစံ ဒီဇိုင်းဖန်တီးထားတာ တွေ့ရပါတယ်။

အနာဂတ်သစ်တွေ ဩစတင်မြို့ဆီကို ယူဆောင်လာပြီ ဆိုတာနဲ့ Cybercab ဟာ Tesla အတွက် ယာဉ်မောင်းမပါဘဲ သွားလာတဲ့ မော်တော်ယာဉ်ထုတ်လုပ်ဖို့ အဓိက အပြောင်းအလဲတခု ဖြစ်တယ်လို့ စီအီးအို အီလွန်မတ်စ်ခ်က ပြောပါတယ်။

ဒီလို မော်တော်ယာဉ်တွေအတွက် ယာဉ်အန္တရာယ်ကင်းရှင်းရေး စည်းမျည်းသစ်တွေကို အမျိုးသား အဝေးပြေးယာဉ်အန္တရာယ် ကင်းရှင်းရေးအဖွဲ့က ထုတ်ပြန်မှာပါ။

လျှပ်စစ်ကားတွေ ထုတ်လုပ်တဲ့ Tesla ကုမ္ပဏီဟာ ရိုဘော့တက္ကစီ ဝန်ဆောင်မှုတွေကို အကန့်အသတ်နဲ့ ဝန်ဆောင်မှုပေးနေပြီး ထိန်းချုပ်မှုကိုတော့ မော်ဒယ် Y ပုံစံ အသုံးပြုကာ တချို့အပိုင်းတွေကို လူတွေက ထိန်းချုပ်တယ်လို့ ဆိုပါတယ်။

ဒီလိုအခြေအနေတွေကို ကျော်ဖြတ်ပြီးရင်တော့ Tesla ကုမ္ပဏီဟာ စတီယာတိုင် မပါတဲ့ Cybercab တွေနဲ့ ကြီးမားတဲ့ ရိုဘော့တက္ကစီ Network ကို တည်ဆောက်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။

Tesla ကုမ္ပဏီဟာ Cybercab နဲ့ ပတ်သက်တဲ့ အချက်အလက် အပြည့်အစုံကို ကြာသပတေးနေ့က robotaxi ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပြီး လက်ရှိအချိန်မှာ ဩစတင်မြို့ နေရာတချို့မှာသာ အသုံးပြုနိုင်ဦးမှာ ဖြစ်ပါတယ်။

Tesla ကုမ္ပဏီရဲ့ ဖော်ပြချက်ထဲမှာ အဲဒီကားတွေကို ဘယ်လိုအားသွင်းလဲ ဆိုတာနဲ့ ဩစတင်မှာ app အသုံးပြုသူတွေ၊ စီးနင်းသူတွေ ဘေးကင်းဖို့ သေချာလား ဆိုတာကိုတော့ အတိအကျ ဖော်ပြထားတာမျိုး မရှိပါဘူး။

Tesla ကုမ္ပဏီဟာ ၂၀၂၅ ခုနှစ် ဇွန်လက ဩစတင်မှာ စမ်းသပ်မှုတွေ လုပ်ခဲ့ဖူးတာလည်း တွေ့ရပြီး တက္ကဆက်နဲ့ ဖလော်ရီဒါပြည်နယ်တို့မှာရှိတဲ့ တခြားမြို့တွေအထိလည်း ဖြန့်ကြက်ဖို့ ရည်ရွယ်ထားပါတယ်။

လက်ရှိအချိန်မှာတော့ ရိုဘော့တက္ကစီတွေမှာပါတဲ့ မြေပုံပြသမှုက ရိုးရှင်းတဲ့ မြို့ပြတွေကိုပဲ အဓိက အသုံးပြုနိုင်ပြီး အစွန်အဖျားနေရာတွေကိုတော့ အသုံးပြုဖို့ ကန့်သတ်ထားတာလည်း တွေ့ရပါတယ်။

Tesla ကုမ္ပဏီကို တရုတ် EV လုပ်ငန်းတွေက အဓိက ယှဉ်ပြိုင်လာလို့ Tesla အတွက် ရိုဘောတက္ကစီလုပ်ငန်းက ကုမ္ပဏီရဲ့ အဓိက အနာဂတ်လည်း ဖြစ်လာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013